Connect with us

Asia

တရုတ်-လာအို ရထားလမ်းက လာအိုနိုင်ငံရှိ ခရီးသွားလုပ်ငန်းတိုးတက်မှုအား အရှိန်မြှင့်တင်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့၌ တရုတ်-လာအို မီးရထားဖြင့် လာအိုနိုင်ငံသို့ထွက်ခွာမည့်ခရီးသည်များအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၄ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

တရုတ်-လာအို မီးရထားလမ်းသည် ခရီးသွားလာချိန်ကို တိုတောင်းစေပြီး သက်တောင့်သက်သာ စီးနင်းနိုင်သောကြောင့် ပြည်တွင်းနှင့် ပြည်ပခရီးသွားများအကြား လာအိုနိုင်ငံ၏ ရှုခင်းသာနေရာများက ရေပန်းစားလာပါသည်။ လာအိုနိုင်ငံရှိ ခရီးသွားလူကြိုက်များသော Vangviengနှင့် Luang Prabangနေရာများသို့ ရထားဖြင့် လာရောက်သည့် Thuy Pham Thi Ngocအမည်ရှိ ဗီယက်နမ်ခရီးသွားတစ်ဦးက ၎င်းအနေဖြင့် တရုတ်-လာအို မီးရထားလမ်းဖြင့် ပထမဆုံးအကြိမ် လာရောက်ခြင်း ဖြစ်ပြီး ရထားနှင့် သွားခြင်းက ပိုမြန်ပြီး လွယ်ကူသည့်အတွက်ကြောင့် ယခုလို ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ဆင်ဟွာသို့ ပြောကြားခဲ့သည်။“လာအိုမှာ ရှိတဲ့ အရာအားလုံးကို ကျွန်မအရမ်းနှစ်သက်ပါတယ်။ အစားအသောက်နဲ့ လူတွေလည်း သဘောကျနှစ်သက်ပါတယ်”ဟု လာအိုနိုင်ငံအပေါ် ၎င်း၏ အမြင်ကို ပြောကြားခဲ့သည်။”ကျွန်မအနေနဲ့ လာအိုနိုင်ငံကို အရမ်းသဘောကျပါတယ်။ အားလပ်ချိန်ပိုရရင် လာအိုနိုင်ငံကို ပြန်လာပါဦးမယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ယခင်က လာအိုမြို့တော် Vientianeမြို့မှ မြောက်ပိုင်း Luang Prabangပြည်နယ်သို့ သွားရန် နာရီပေါင်းများစွာ ကြာခဲ့သော်လည်း ယခုအခါ ခရီးသွားလာမှု ပိုမိုမြန်ဆန်လာပြီး ပိုမိုအဆင်ပြေလာခဲ့ကြောင်း သိရသည်။ ဗီယန်ကျန်းမြို့မှ သူမ၏မွေးရပ်မြေ Luang Prabangပြည်နယ်သို့ ရထားစီးလာသော ဆရာဝန် Amphone Thammvong ကလည်း တရုတ်-လာအို မီးရထားမဖွင့်လှစ်မီတွင် Luang Prabangမှ Vientianeမြို့သို့ ခရီးသွားရာတွင် အလွန်အဆင်မပြေကြောင်း၊ ကားဖြင့် ခြောက်နာရီမှ ရှစ်နာရီခန့်ကြာမြင့်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့၌ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် လာအိုနိုင်ငံသို့ ထွက်ခွာမည့် ခရီးသည်တစ်ဦးက တရုတ်-လာအို မီးရထား လက်မှတ်ကို ပြသနေစဉ်(ဆင်ဟွာ)တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့၌ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် လာအိုနိုင်ငံသို့ ထွက်ခွာမည့် ခရီးသည်တစ်ဦးက တရုတ်-လာအို မီးရထား လက်မှတ်ကို ပြသနေစဉ်(ဆင်ဟွာ)

” ကားနဲ့ ခရီးသွားရတာ မူးဝေပြီး နေလို့မကောင်းလို့ မကြိုက်ဘူး။ ရထားက ပိုကောင်းပါတယ်။ Vientianeကနေ Luang Prabangကို နှစ်နာရီပဲ ကြာတယ်။ အရမ်းအဆင်ပြေပြီး အချိန်ကုန်အများကြီးသက်သာတယ်။”ရထားက သန့်ရှင်းပြီး ဘေးကင်းကြောင်း နောင်တွင်လည်း တရုတ်နိုင်ငံသို့ ရထားဖြင့်သွားရောက်လိုကြောင်း Amphone ကထပ်မံပြောကြားခဲ့သည်။
သူငယ်ချင်းများနှင့်အတူအလည်လာသော ထိုင်းခရီးသွားSheng Dao က“ကျွန်မကတော့ Luang Prabangမြို့ရှိ Kaung Siရေတံခွန်၊ ပြီးတော့ Vangviengနဲ့ Mueng Fuengမြို့တို့ကို သွားကြည့်ဖို့ စီစဉ်ထားပါတယ် ဘာလို့ဆို အဲ့နေရာတွေကအရမ်းလှလို့ပါ” ဆိုပြီး ၎င်း၏လာအိုနိုင်ငံခရီးစဉ်ကို ဆင်ဟွာ သတင်းဌာနကို ပြောကြားခဲ့သည်။လာအိုနိုင်ငံအစိုးရနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ စီးပွားရေးလုပ်ငန်းများသည် ခရီးသွားဧည့်သည်များ ပိုမိုများပြားလာစေရန် ခရီးသွားစံချိန်စံညွှန်းကို ကြိုးပမ်းမြှင့်တင်လျက်ရှိသည်။လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ် Kikeo Khaykhamphithouneက ပြီးခဲ့သည့်နှစ်များအတွင်း ပြန်ကြားရေး ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက အခြေခံအဆောက်အဦနှင့် ခရီးသွားလုပ်ငန်း ပံ့ပိုးမှုအင်္ဂါရပ်များ အသစ်တည်ဆောက်ခြင်း ၊ ပြန်လည်ပြုပြင်ခြင်းအားဖြင့် သဘာဝ ၊ သမိုင်းဝင် ၊ ယဉ်ကျေးမှုနှင့် စိုက်ပျိုးရေးဆိုင်ရာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ၊ စီမံခန့်ခွဲမှုနှင့် အဆင့်မြှင့်တင်မှုတို့တွင် သိသိသာသာတိုးတက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဖေဖော်ဝါရီ ၁၃ ရက်က ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် လာအိုနိုင်ငံသို့ လာရောက်လည်ပတ်သည့် လာအိုနှင့်နိုင်ငံခြားသား ခရီးသွားဦးရေ ၆ သန်းကျော် ရှိလာမည်ဟု ခရီးသွား ဝန်ကြီးဌာနက မျှော်မှန်းထားသည်။

လာအိုနိုင်ငံ Luang Prabangမြို့တွင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၆ရက်တွင် ခရီးသွားများက နေဝင်ချိန်ကို ကြည့်ရှုနေကြစဉ် (ဆင်ဟွာ)

အထူးသဖြင့် တရုတ်-လာအို မီးရထား စတင်လည်ပတ်ချိန်မှစပြီး ၂ နှစ်အတွင်း Luang Prabangမြို့သည်နိုင်ငံတကာ ခရီးသွားနေရာတစ်ခုအနေဖြင့် နိုင်ငံတကာ ခရီးသွားနေရာများအကြား ရေပန်းစားလာခဲ့ပြီး ခရီးသွားလုပ်ငန်းနှင့် ဆက်နွှယ်သော စီးပွားရေးလုပ်ငန်းများအတွက် အကျိုးကျေးဇူးများ ထပ်မံဖန်တီးပေးခဲ့ကြောင်း Luang Prabangဟိုတယ်နှင့် တည်းခိုခန်းများအသင်း ဥက္ကဋ္ဌ Toune Sisouphanthavongက ဇန်နဝါရီလတွင် Vientianeမြို့၌ ကျင်းပသည့် ခရီးသွားဖလှယ်ရေး ကုန်စည်ပြပွဲ ကျင်းပစဉ်အတွင်း မီဒီယာများအား ပြောကြားခဲ့သည်။

လာအိုနိုင်ငံ Luang Prabangပြည်နယ်ရှိ တရုတ်-လာအိုမီးရထားလမ်း Luang Prabangရထားဘူတာရုံတွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၄ ရက်က ခရီးသည်များ တန်းစီနေကြစဉ်(ဆင်ဟွာ)

Luang Prabangမြို့သို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားခရီးသည်အများစုသည် ထိုင်း၊ တရုတ်နှင့် အခြားအာရှနိုင်ငံများမှ လာရောက်ကြသည်ဟု Touneမှ ပြောကြားခဲ့ပါသည်။ အများစုမှာ လာအို-ထိုင်းနယ်စပ် ဖြတ်ကျော်ကာ လာအိုနိုင်ငံသို့ ဝင်ရောက်ကြပြီး တရုတ်-လာအို မီးရထားဖြင့် ခရီးဆက်ကြကြောင်းသိရသည်။တရုတ်-လာအို မီးရထားလမ်းသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ကူမင်းမြို့နှင့် Vientianeမြို့ ကို ချိတ်ဆက်ပေးသည်။ ဤ 1,035 ကီလိုမီတာ ရှည်လျားသောရထားလမ်းသည် ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု၏ အထင်ကရ စီမံကိန်းတစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ၃ရက် တွင် စတင် လည်ပတ်ခဲ့သည်။အဆိုပါ မီးရထားလမ်းသည် ပြည်တွင်းနှင့်ပြည်ပအိမ်နီးချင်းနိုင်ငံများ နှစ်ဖက်အကျိုးတူ အကျိုးရလဒ်များရရှိရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ယဉ်ကျေးမှုပေါင်းစည်းမှုကို မြှင့်တင်ရန်အတွက် ဆက်သွယ်ပေးသည့် နိုင်ငံတကာ ဝင်ပေါက်တစ်ခုဖြစ်လာခဲ့ကြောင်း သိရသည်။ဤရထားလမ်းသည် လာအိုနိုင်ငံ၏ နိုင်ငံတကာ အနေအထားကို များစွာ မြှင့်တင်ပေးခဲ့ပြီး လာအိုနိုင်ငံဒေသတွင်း သယ်ယူပို့ဆောင်ရေး အတွက် အရေးပါသော အချက်အချာ နေရာဖြစ်လာခဲ့ကြောင်း သိရသည်။(Xinhua)

————————————
China-Laos Railway fuels tourism boom in Laos
VIENTIANE, Feb. 23 (Xinhua) — Laos’ scenic attractions are gaining popularity among domestic and international tourists thanks to reduced travel time and a comfortable ride brought by the China-Laos Railway.
A Vietnamese tourist named Thuy Pham Thi Ngoc, taking the train to the tourist hotspot of Vangvieng and Luang Prabang, told Xinhua that it was her first time to take the China-Laos Railway, and she decided to travel by the train because it is faster and easier.
Talking about her impression of Laos, she said, “I really enjoy everything in Laos. I like its food and also people.”
“I like Laos very much! If I have more free time, I’ll come back to Laos again,” she added.
A trip from Lao capital Vientiane to northern Luang Prabang province used to take many hours, but now the travel is faster and more convenient.
Amphone Thammvong, a doctor who took the train from Vientiane to her hometown in Luang Prabang province, said that traveling from Luang Prabang to Vientiane was very uncomfortable before the China-Laos Railway opened. It took around six to eight hours by car.
“I don’t like traveling by car because it makes me dizzy and feel sick. The train is better. It takes only two hours from Vientiane to Luang Prabang. It’s very convenient and saves a lot of time.”