Connect with us

Asia

အိန္ဒိယနိုင်ငံ အလယ်ပိုင်းရှိ မီးရှူးမီးပန်းစက်ရုံတွင် ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးသူ ၁၁ ဦးအထိရှိလာ

အိန္ဒိယနိုင်ငံ မက်ဒရာပရာဒက်ရှ်ပြည်နယ် ဟာဒါခရိုင်ရှိ မီးရှူးမီးပန်းထုတ်လုပ်သောစက်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မီးခိုးများ ထွက်ပေါ်လာသည်ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အလယ်ပိုင်းရှိ မီးရှူးမီးပန်းထုတ်လုပ်ရေးစက်ရုံတွင် ပေါက်ကွဲမှုများစွာ ဖြစ်ပွားသဖြင့် သေဆုံးသူအရေအတွက်မှာ ၁၁ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ရဲအရာရှိတစ်ဦးက ဆင်ဟွာသတင်းဌာနကို တယ်လီဖုန်းမှတစ်ဆင့် ပြောကြားခဲ့သည်။

မက်ဒရာပရာဒက်ရှ်ပြည်နယ် ဟာဒါခရိုင်ရှိ အဆိုပါစက်ရုံတွင် ပေါက်ကွဲမှုဖြစ်ပွားခြင်းကြောင့် လူပေါင်း ၉၀ ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းအနက် ၂၅ ဦးမှာ စိုးရိမ်ဖွယ်ဒဏ်ရာများရရှိထားကြောင်း ရဲအရာရှိက ပြောခဲ့သည်။ (Xinhua)

………………………………
(English Version)
Death toll rises to 11 in blast in firecrackers unit in central India
NEW DELHI, Feb. 7 (Xinhua) — The death toll in Tuesday’s multiple blasts in a firecrackers manufacturing unit in central India rose to 11, a police officer told Xinhua over the phone.
A total of 90 people were injured in the explosions in the unit located in the Harda district of Madhya Pradesh state, according to the police officer, who added that at least 25 people were seriously injured.
Photo: Smoke rises after a blast in a firecrackers manufacturing unit in the Harda district of Madhya Pradesh state, India, on Feb. 6, 2024. (Str/Xinhua)