Connect with us

Asia

ဒေသတွင်းကုန်သွယ်ရေး အားကောင်းစေရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ကတိပြု

လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းတွင် ပြုလုပ်သော အာဆီယံခရီးသွားလုပ်ငန်းပြပွဲကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ မတ် ၁၂ ရက် (ဆင်ဟွာ)

လာအိုနိုင်ငံ မြောက်ပိုင်း လွမ်ပရာဘန်ပြည်နယ်တွင် ကျင်းပသော ၃၀ ကြိမ်မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများ ဆွေးနွေးပွဲ တက်ရောက်လာသူများက အာဆီယံ စီးပွားရေးအသိုက်အဝန်း (AEC) ၏ ကုန်သွယ်ရေး၊ အလုံးစုံစီးပွားရေး မြှင့်တင်ရန် ပူးပေါင်းဆောင်ရွက်မှုနှင့် ကွန်ရက်ချိတ်ဆက်မှု အားကောင်းစေရေးအတွက် ကတိပြုခဲ့ကြကြောင်း သိရသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များက ယခုနှစ်အတွက် စီးပွားရေးပံ့ပိုးမှု ဦးစားပေးအစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအလားအလာကို အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း လာအိုနိုင်ငံ စက်မှုနှင့် စီးပွားရေးဝန်ကြီး Malaythong Kommasith ၏ ပြောကြားချက်အား ကိုးကား၍ Lao News Agency က မတ် ၁၁ ရက်၌ ဖော်ပြခဲ့သည်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) တွင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် စသည့်နိုင်ငံများ ပါဝင်သည်။

အဆိုပါ အစည်းအဝေးတွင် အာဆီယံ စီးပွားရေးဝန်ကြီးများသည် အာဆီယံ ကုန်စည်ကုန်သွယ်မှုသဘောတူညီချက် (ATIGA) ညှိနှိုင်းမှုများ၊ အာဆီယံ ဒစ်ဂျစ်တယ်စီးပွားရေး မူဘောင်သဘောတူညီချက် (DEFA) ညှိနှိုင်းမှုများ စသည့် အာဆီယံစီးပွားရေးအသိုက်အဝန်းအောက်ရှိ အဓိကရှေ့ပြေးဆောင်ရွက်ချက်အချို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း Malaythong က ပြောခဲ့သည်။ (Xinhua)

………………………………
(English Version)
ASEAN countries pledge to strengthen regional trade
VIENTIANE, March 11 (Xinhua) — Participants in the 30th ASEAN Economic Ministers’ Retreat in northern Laos’ Luang Prabang province have pledged to strengthen cooperation and connectivity to bolster trade and the overall economy of the ASEAN Economic Community (AEC).
Representatives from the member states of the ASEAN discussed priority economic deliverables for this year and exchanged views on the regional and global economic outlook, Lao News Agency on Monday quoted Lao Minister of Industry and Commerce Malaythong Kommasith.
The Association of Southeast Asian Nations (ASEAN) groups Brunei, Cambodia, Indonesia, Laos, Malaysia, Myanmar, the Philippines, Singapore, Thailand and Vietnam.
At the meeting, the ASEAN economic ministers also discussed some of the key initiatives under the ASEAN Economic Community, such as the negotiations on the ASEAN Trade in Goods Agreement (ATIGA) and the negotiations for the ASEAN Digital Economy Framework Agreement (DEFA), said Malaythong.
Photo: This photo taken on Jan. 25, 2024 shows a scene at the ASEAN Tourism Exhibition held in Vientiane, capital of Laos. (Photo by Kaikeo Saiyasane/Xinhua)