Connect with us

International Organizations

ဂါဇာဒေသတွင် အပစ်အခတ်ရပ်စဲရေး နိုင်ငံတကာကြိုးပမ်းအားထုတ်မှုများအတွက် တရုတ်နိုင်ငံ တိုက်တွန်း

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ရာဖာမြို့တွင် အစ္စရေးလေကြောင်းတိုက်ခိုက်ပြီးနောက် ပျက်စီးနေသော အဆောက်အအုံအား ကြည့်ရှုနေသူများကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ မတ် ၁၂ ရက် (ဆင်ဟွာ)

ဂါဇာဒေသတွင် ချက်ချင်းအပစ်အခတ်ရပ်စဲရေးအတွက် နိုင်ငံတကာကြိုးပမ်းအားထုတ်မှုများ ဆောင်ရွက်ကြရန် တရုတ်သံတမန်က မတ် ၁၁ ရက်၌ တိုက်တွန်းခဲ့ကြောင်း သိရသည်။

ဂါဇာဒေသ လက်ရှိပဋိပက္ခမှာ အချိန် ၅ လအတွင်း ရောက်ရှိလာပြီဖြစ်ကာ အမျိုးသမီးများကို ပြောမပြနိုင်လောက်အောင် ထိခိုက်မှုရှိလာခဲ့သည်။ မိခင်နှင့် သမီးမိန်းကလေး ၉,၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကာ အမျိုးသမီးအမြောက်အမြားမှာလည်း နေရပ်ရွှေ့ပြောင်းနေထိုင်လျက်ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် ကိန်းစွမ်က ပြောခဲ့သည်။

မတ် ၁၁ ရက်သည် အစ္စလာမ်ဘာသာဝင်များ၏ သန့်ရှင်းသော ရမ်ဇာန်လမြတ် စတင်ပြီဖြစ်သည်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဂါဇာဒေသရှိပြည်သူများအတွက် ၎င်းတို့၏ အသက်ရှင်ရပ်တည်ရေး မျှော်လင့်ချက်ကို ထိန်းသိမ်းနိုင်ရန် ချက်ချင်းအပစ်အခတ်ရပ်စဲမှု တိုးမြှင့်ဆောင်ရွက်ရန် မဆိုင်းမတွ ဆတက်ထမ်းပိုး ကြိုးပမ်းဆောင်ရွက်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ပဋိပက္ခနှင့် ဆက်စပ်သောလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကုလသမဂ္ဂ လုံခြုံရေးကောင်စီ သတင်းစာရှင်းလင်းပွဲ၌ ကိန်းစွမ်က ပြောကြားခဲ့သည်။

“ထိန်းသိမ်းခံထားရသူတွေအားလုံး လွတ်မြောက်ဖို့နဲ့ သူတို့ရဲ့မိသားစုတွေနဲ့ အမြန်ဆုံးပြန်ဆုံနိုင်ဖို့ သံတမန်ရေး ကြိုးပမ်းဆောင်ရွက်မှုတွေ လုပ်ကြဖို့ ကျွန်တော်တို့ တိုက်တွန်းလိုက်ပါတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ကုလသမဂ္ဂ အထွေအထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် ပဋိပက္ခနှင့် ဆက်စပ်သောလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကုလသမဂ္ဂအထူးကိုယ်စားလှယ် Pramila Patten သည် မစ်ရှင်တစ်ဖွဲ့ကို ဦးဆောင်ကာ အစ္စရေးနိုင်ငံသို့ ရောက်ရှိနေပြီး ယင်းခရီး၌ West Bank ခရီးစဉ်လည်း ပါဝင်ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
China calls for int’l efforts toward cease-fire in Gaza
UNITED NATIONS, March 11 (Xinhua) — A Chinese envoy on Monday called for international efforts toward an immediate cease-fire in Gaza.
The current conflict in Gaza has been going on for five months, which has led to unspeakable harm to women. Over 9,000 mothers and daughters have been killed, and hundreds of thousands of women displaced, said Geng Shuang, China’s deputy permanent representative to the United Nations.
Monday marks the beginning of Ramadan, a holy month for Muslims. China calls on the international community to act promptly and redouble efforts to promote an immediate cease-fire to preserve for the people in Gaza their hope for survival, he told a Security Council briefing on conflict-related sexual violence.
“We also call for increased diplomatic efforts so that all detainees could be released at an early date and reunited with their families,” he said.
The UN secretary-general’s special representative on conflict-related sexual violence, Pramila Patten, recently led a mission to Israel, which also included a visit to the occupied West Bank.
China hopes that the relevant parties will attach importance to them and respond to them positively, he said.
Photo: People are seen in a destroyed building after an Israeli airstrike in the southern Gaza Strip city of Rafah, on Feb. 22, 2024. (Photo by Yasser Qudih/Xinhua)