Connect with us

China

တရုတ်နိုင်ငံ မြောက်ပိုင်းတွင် ပေါက်ကွဲမှုကြောင့် လူ ၇ ဦး သေဆုံး၊ ၂၇ ဦး ဒဏ်ရာရ

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ဆန်ဟဲမြို့၊ ယန်ကျောက်မြို့နယ်တွင် ပေါက်ကွဲမှုဖြစ်ပွားသောနေရာ၌ ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေသူများကို ၂၀၂၄ ခုနှစ် မတ် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှီးကျားကျွမ်း၊ မတ် ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ်တွင် မတ် ၁၃ ရက်က ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လူ ၇ ဦး သေဆုံးပြီး အခြားသူ ၂၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရအာဏာပိုင်များက မတ် ၁၄ ရက်၌ ပြောကြားခဲ့သည်။
ဓာတ်ငွေ့ယိုစိမ့်မှုကြောင့်ဖြစ်ဖွယ်ရှိသော ထိုပေါက်ကွဲမှုသည် ဆန်ဟဲမြို့ ယန်ကျောက်မြို့နယ်ရှိ ဈေးဆိုင်တစ်ဆိုင်တွင် မတ် ၁၃ ရက် နံနက် ၇:၅၄ နာရီ၌ ဖြစ်ပွားခဲ့ကြောင်း ယင်းမြို့၏ အရေးပေါ်စီမံခန့်ခွဲမှုဗျူရိုက ပြောခဲ့သည်။
ယင်းဖြစ်ရပ်ကြောင့် ဒဏ်ရာရသူများအားလုံးကို ဆေးရုံသို့ ချက်ချင်းပို့ဆောင်ခဲ့ကြောင်းနှင့် ဒဏ်ရာရသူများမှာ အသက်အန္တရာယ်မစိုးရိမ်ရကြောင်း၊ ဒဏ်ရာရသူအားလုံးအနက် ၁၄ ဦးမှာ ဆေးရုံမှဆင်းသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။အဆိုပါဖြစ်စဉ်အား စုံစမ်းစစ်ဆေးမှုဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။(Xinhua)

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ဆန်ဟဲမြို့၊ ယန်ကျောက်မြို့နယ်တွင် ပေါက်ကွဲမှုဖြစ်ပွားသောနေရာ၌ ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေသူများကို ၂၀၂၄ ခုနှစ် မတ် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ဆန်ဟဲမြို့၊ ယန်ကျောက်မြို့နယ်တွင် ပေါက်ကွဲမှုဖြစ်ပွားသောနေရာ၌ ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေသူများကို ၂၀၂၄ ခုနှစ် မတ် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………….
(English Version)
Explosion kills 7, injures 27 in north China
SHIJIAZHUANG, March 14 (Xinhua) — Seven were killed and 27 others injured following an explosion in north China’s Hebei Province on Wednesday, local authorities said Thursday.
The blast, suspected to have been caused by a gas leak, occurred at 7:54 a.m. Wednesday at a shop in Yanjiao township in the city of Sanhe, according to the city’s emergency management bureau.
All the injured have been rushed to the hospital, and their injuries are not life-threatening. Of all the injured, 14 have been discharged from hospital.
An investigation is under way.
Photo 1, 2, 3: Rescuers work on the site of an explosion in Yanjiao of Sanhe City, north China’s Hebei Province, March 13, 2024. (Xinhua/Ju Huanzong)