Connect with us

Europe

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်တွင် အင်အား ၆.၀ အဆင့်ရှိသော ငလျင်လှုပ်ခတ်

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် Surabaya မြို့တွင် နောက်ဆက်တွဲငလျင်များ လှုပ်ခတ်ပြီးနောက် Airlangga တက္ကသိုလ်ဆေးရုံအပြင်ဘက်၌ လူအများစုဝေးနေကြသည်ကို ၂၀၂၄ ခုနှစ် မတ် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ မတ် ၂၃ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်တွင် မတ် ၂၂ ရက်က အင်အား ၆.၀ အဆင့်ရှိသော ငလျင် လှုပ်ခတ်ခဲ့ကြောင်းနှင့် ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်းမရှိကြောင်း မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပဗေဒဌာနက ပြောကြားခဲ့သည်။
ယင်းငလျင်မှာ ဂျကာတာစံတော်ချိန် နံနက် ၁၁:၂၂ နာရီတွင် ပင်လယ်ပြင်အောက်၌ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ငလျင်ဗဟိုချက်မှာ Tuban ဒေသ အရှေ့မြောက်ဘက် ၁၃၂ ကီလိုမီတာ၊ မြေ‌အောက်အနက် ၁၀ ကီလိုမီတာဖြစ်ကြောင်း ယင်းအေဂျင်စီက ဆိုသည်။
အဆိုပါ ငလျင်ကြောင့် ကြီးမားသော ရေလှိုင်းများဖြစ်ပေါ်နိုင်ဖွယ်မရှိခြင်းကြောင့် ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်းမရှိကြောင်း သိရသည်။

ကျွန်းစုနိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံသည် တည်နေရာအနေအထားအရ ပစိဖိတ်ငလျင်စက်ဝန်းတစ်လျှောက် တည်ရှိနေခြင်းကြောင့် မကြာခဏ ငလျင်လှုပ်ခတ်လေ့ရှိသည်။ (Xinhua)

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် Surabaya မြို့တွင် နောက်ဆက်တွဲငလျင်များ လှုပ်ခတ်ပြီးနောက် Airlangga တက္ကသိုလ်ဆေးရုံအပြင်ဘက်၌ လူအများစုဝေးနေကြသည်ကို ၂၀၂၄ ခုနှစ် မတ် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် Surabaya မြို့တွင် နောက်ဆက်တွဲငလျင်များ လှုပ်ခတ်ပြီးနောက် Airlangga တက္ကသိုလ်ဆေးရုံအပြင်ဘက်၌ လူအများစုဝေးနေကြသည်ကို ၂၀၂၄ ခုနှစ် မတ် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် Surabaya မြို့ရှိ ဆေးရုံတွင် အင်အား ၆.၀ အဆင့်ရှိသော ငလျင်လှုပ်ခတ်ပြီးနောက် ပျက်စီးသွားသည့်နေရာကို ၂၀၂၄ ခုနှစ် မတ် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………………….
(English Version)
6.0-magnitude earthquake jolts off Indonesia’s East Java
JAKARTA, March 23 (Xinhua) — An earthquake measuring 6.0 on the Richter scale struck off Indonesia’s province of East Java on Friday without triggering a tsunami, the country’s meteorology, climatology and geophysics agency said.
The undersea quake rocked at 11:22 a.m. Jakarta time (0422 GMT) with its epicenter situated at 132 km northeast of Tuban regency, and a depth of 10 km, the agency said.
No tsunami alert was issued by the agency as the tremors would not potentially trigger giant waves.
Indonesia, an archipelagic country, is prone to earthquakes for its location along the Pacific Ring of Fire.
Photo 1 – 3: People gather outside Airlangga University Hospital in case of aftershocks in Surabaya, East Java, Indonesia, March 22, 2024. (Photo by Sahlan Kurniawan/Xinhua)
Photo 4: A damaged area is seen after an earthquake measuring 6.0 on the Richter scale at a hospital in Surabaya, East Java, Indonesia, on March 22, 2024. (Photo by Sahlan Kurniawan/Xinhua)