Connect with us

China

ကမ္ဘာလုံးဆိုင်ရာငွေပေးချေမှုစနစ်များတွင် ယွမ်ငွေက စတုတ္ထနေရာတွင် ရပ်တည်နေ

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် အသစ်ထုတ်ပြန်လိုက်သော ယွမ် ၁၀၀ တန် ငွေစက္ကူများကို ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၃၀ ရက် (ဆင်ဟွာ)

တရုတ်ငွေကြေး ယွမ်ငွေ (RMB) သည် ဖေဖော်ဝါရီလက ကမ္ဘာလုံးဆိုင်ရာငွေပေးချေမှု အများဆုံးစာရင်းတွင် စတုတ္ထနေရာ၌ ရပ်တည်နေကြောင်း အစီရင်ခံစာအရ သိရသည်။
RMB ၏ ကမ္ဘာလုံးဆိုင်ရာဝေစုတွင် ဖေဖော်ဝါရီလက ၄ ရာခိုင်နှုန်း၌ ရပ်တည်နေကြောင်း ကမ္ဘာအနှံ့ငွေကြေးဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်သော Society for Worldwide Interbank Financial (SWIFT) ၏ အစီရင်ခံစာတစ်ရပ်၌ ဖော်ပြထားသည်။ SWIFT သည် ကမ္ဘာလုံးဆိုင်ရာ ဘဏ်အချင်းချင်း ငွေပေးငွေယူဝန်ဆောင်မှုတစ်ခုဖြစ်သည်။

RMB ငွေပေးချေမှုတန်ဖိုးသည် ဇန်နဝါရီလနှင့်နှိုင်းယှဉ်ပါက ၂၀.၄၇ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သလို ယေဘူယျအားဖြင့် ငွေပေးချေမှုအားလုံးကလည်း ၁၀.၃၇ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း SWIFT ၏ ‌အစီရင်ခံစာအရ သိရသည်။

တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသသည် ယွမ်ငွေကြေး နိုင်ငံရပ်ခြားငွေပေးချေမှုအတွက် အကြီးဆုံးဈေးကွက်ဖြစ်ရာ ၇၉.၉ ရာခိုင်နှုန်းရှိပြီး ယင်းနောက်တွင် ဗြိတိန်က ၅.၃၇ ရာခိုင်နှုန်းနှင့် စင်ကာပူက ၃.၃၉ ရာခိုင်နှုန်း အသီးသီးရပ်တည်လျက်ရှိကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။ (Xinhua)

……………………………….
(English Version)
RMB retains 4th spot as currency for global payments: SWIFT
BEIJING, March 30 (Xinhua) — The Chinese currency renminbi (RMB), or the yuan, retained its spot as the fourth most active currency for global payments by value in February, according to a report.
The RMB’s global share stood at 4 percent last month, a report from the Society for Worldwide Interbank Financial (SWIFT) said. SWIFT is a global provider of financial messaging services.
The RMB payments value decreased 20.47 percent compared to January, while in general all payments currencies decreased by 10.37 percent, the SWIFT said.
China’s Hong Kong Special Administrative Region is the largest market for offshore RMB transactions, taking up 79.9 percent, followed by Britain at 5.37 percent and Singapore at 3.39 percent, the report said.
Photo: Photo taken on Nov. 12, 2015 shows newly-released 100-yuan bank notes in Beijing, capital of China. (Xinhua/Li Xin)