Connect with us

North America

အမေရိကန်စစ်တပ်က လူသားချင်းစာနာမှုအကူအညီအတွက် ဂါဇာဒေသတွင် ယာယီဆိပ်ကမ်း တည်ဆောက်မည်ဟု ဘိုင်ဒန်ကြေညာ

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ခန်ယွန်းနစ်မြို့ရှိ ပျက်စီးနေသောအဆောက်အအုံများအနီး ဖြတ်သန်းသွားလာသူများကို ၂၀၂၄ ခုနှစ် မတ် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မတ် ၈ ရက် (ဆင်ဟွာ)

အမေရိကန်စစ်တပ်အနေဖြင့် ဂါဇာဒေသတွင် အရပ်သားများထံ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ထပ်မံလွှဲပြောင်းနိုင်ရန် ယာယီဆိပ်ကမ်းတစ်ခု တည်ဆောက်မည်ဖြစ်ကြောင်း သမ္မတ ဂျိုးဘိုင်ဒန်က နိုင်ငံတော်မိန့်ခွန်း၌ ထည့်သွင်းကြေညာခဲ့ကြောင်း အမေရိကန်စီမံအုပ်ချုပ်ရေးအရာရှိများက မတ် ၇ ရက်၌ ပြောကြားခဲ့သည်။

“ဂါဇာကမ်းရိုးတန်းပေါ်၊ မြေထဲပင်လယ်ထဲမှာ ဆိပ်ကမ်းတစ်ခု တည်ဆောက်ရေး အရေးပေါ်မစ်ရှင်ကိုဦးဆောင်ဖို့ သမ္မတက အမေရိကန်စစ်တပ်ကို ညွှန်ကြားလိုက်ပါတယ်။ ဒါက စားနပ်ရိက္ခာ၊ ရေ၊ ဆေးဝါးနဲ့ ယာယီအဆောက်အအုံတွေ သယ်ဆောင်တဲ့ သင်္ဘောကြီးတွေကို လက်ခံနိုင်မှာဖြစ်ပါတယ်” ဟု သတင်းထောက်များနှင့် တွေ့ဆုံစဉ် တာဝန်ရှိသူများအနက် တစ်ဦးက ပြောခဲ့သည်။

မြေပြင်ရှိ အမေရိကန်တပ်ဖွဲ့ဝင်များအနေဖြင့် ဆိပ်ကမ်းတည်ဆောက်ရန် မလိုအပ်ကြောင်း မှတ်ချက်ပြုထားခြင်းမှအပ ယင်းအစီအစဉ်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို တာဝန်ရှိသူများက ပြောကြားထားခြင်းမရှိပေ။ (Xinhua)

……………………………………
(English Version)
Biden to announce U.S. military to build temporary port in Gaza for humanitarian aid
WASHINGTON, March 7 (Xinhua) — U.S. President Joe Biden will announce in his State of the Union address that the U.S. military will build a temporary port in Gaza for the delivery of additional humanitarian aid to civilians, senior U.S. administration officials said Thursday.
“Tonight in the speech, the President will announce that he’s directing the U.S. military to lead an emergency mission to establish a port in the Mediterranean, on the Gaza coast, that can receive large ships carrying food, water, medicine, and temporary shelters,” one of the officials said during a call with reporters.
The officials didn’t provide much detail about the plan, with one noting that it won’t require “U.S. troops on the ground” to build the port.
Photo: People walk past destroyed buildings in the southern Gaza Strip city of Khan Younis, on March 6, 2024. (Photo by Rizek Abdeljawad/Xinhua)