Connect with us

Asia

တောင်ကိုရီးယားနိုင်ငံ၏ မတ်လအတွင်း အလုပ်လက်မဲ့နှုန်း ၉ ဒသမ ၁ ရာခိုင်နှုန်းကျဆင်း

တောင်ကိုရီးယားနိုင်ငံဆိုးလ်မြို့ရှိ လမ်းမတစ်နေရာတွင် သွားလာနေသူများကို ၂၀၂၂ခုနှစ် မတ် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆိုလ်းလ်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

တောင်ကိုရီးယား၏ မတ်လအတွင်း အလုပ်လက်မဲ့နှုန်းသည် ပညာရေးဝန်ဆောင်မှု၊ ကုန်ထုတ်လုပ်ငန်းနှင့် လက်လီလက်ကားကဏ္ဍများတွင် လုပ်သားလိုအပ်ချက်နည်းပါးမှုကြောင့် ကျဆင်းသွားခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ အလုပ်အကိုင်နှင့် အလုပ်သမားဝန်ကြီးဌာန၏ ဧပြီ ၈ ရက်တွင်ဖော်ပြထားသည့် အချက်အလက်များအရသိရသည်။

တောင်ကိုရီးယားနိုင်ငံအလုပ်အကိုင်နှင့် အလုပ်သမားဝန်ကြီးဌာန၏ စာရင်းများအရ မတ်လတွင် အလုပ်ရှာဖွေသူ အသစ်လျှောက်ထားသူ ဦးရေ ၁၃၀,၈၀၀ ရှိပြီး ယခင်နှစ် အလားတူလထက် ၉ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံ အစိုးရက အလုပ်လက်မဲ့များအတွက် အလုပ်အကိုင်ရှာဖွေရေးအကျိုးခံစားခွင့်များကို ပေးထားပြီး အလုပ်လက်မဲ့ဆိုင်ရာ အကျိုးခံစားခွင့်အများစုကို နိုင်ငံတော်အလုပ်အကိုင် အာမခံရန်ပုံငွေမှ ထောက်ပံ့ပေးထားကြောင်းသိရသည်။
ထို့ကြောင့် မတ်လတွင် တောင်ကိုရီးယားနိုင်ငံ၏ အလုပ်လက်မဲ့ဆိုင်ရာ အကျိုးခံစားခွင့်လက်ခံရရှိသူ စုစုပေါင်း ၆၅၄,၆၀၀ ရှိပြီး ယခင်နှစ်ကာလတူ ထက် ၃ ဒသမ သုည ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ယင်းသို့ကျဆင်းခြင်းသည် ၁၄ လအတွင်း ပထမဆုံးကျဆင်းမှုဖြစ်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် မတ်လအတွင်း တောင်ကိုရီးယားနိုင်ငံ၏ အလုပ်အကိုင်ရှာဖွေခြင်း အကျိုးခံစားခွင့်များ အတွက် စုစုပေါင်းပေးချေရသည့် ငွေကြေးပမာဏသည် ဝမ် ၉၆၉ ဒသမ ၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇၁၆ ဒသမ ၇ သန်း) ရှိခြင်းကြောင့် ၆ ဒသမ ၂ ရာခိုင်နှုန်း လျှော့ကျသွားကြောင်း သိရသည်။ (Xinhua)

……………………….
(English Version)
S. Korea’s jobless claims fall 9.1 pct in March
SEOUL, April 8 (Xinhua) — South Korea’s jobless claims fell last month due to lower demand in the education service, the manufacturing and the wholesale and retail sectors, labor ministry data showed Monday.
The number of new applicants for job-seeking benefits stood at 130,800 in March, down 9.1 percent from the same month of last year, according to the Ministry of Employment and Labor.
The number kept sliding for the second straight month after dropping in double digits in the previous month.
The job-seeking benefits are offered by the government to help the unemployed seek jobs, taking up a majority of unemployment benefits. It is financed by the state employment insurance fund.
The number of benefit receivers totaled 654,600 in March, down 3.0 percent from a year earlier. It marked the first downturn in 14 months.
The total payment of job-seeking benefits diminished 6.2 percent to 969.6 billion won (716.7 million U.S. dollars) in the cited month. ■

Photo- People walk on a street in Seoul, South Korea, March 16, 2022. (Photo by James Lee/Xinhua)