China
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လူနေအိမ်ရာတွင် ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် လူတစ်ဦး သေဆုံး

စိန်ရန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ် မြို့တော် စိန်ရန်တွင် ဧပြီ ၁၀ ရက် နံနက်ပိုင်း၌ လူနေအိမ်ရာတစ်ခုအတွင်း ဓာတ်ငွေ့ရည်ပေါက်ကွဲမှုနှင့် ဆက်စပ်မီးလောင်မှုကြောင့် လူတစ်ဦး သေဆုံးပြီး အခြားသူသုံးဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုသည် ဒေသစံတော်ချိန် နံနက် ၆:၁၅ နာရီခန့်က ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ နံနက် ၆:၅၆ နာရီတွင်မူ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ယင်းမြို့မီးသတ်ဦးစီးဌာနက ပြောခဲ့သည်။ ထိုပေါက်ကွဲမှုမှာ ဓာတ်ငွေ့ရည်အား မူမမှန်အသုံးပြုခြင်းကြောင့် ဖြစ်ကြောင်း ကနဦးစစ်ဆေးမှုအရ သိရသည်။ (Xinhua)
အပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/Svy
……………………
(English Version)
Gas explosion kills one in NE China residential complex
SHENYANG, April 10 (Xinhua) — A liquified gas explosion and subsequent fire in a residential complex on Wednesday morning has left one person dead and three others injured in Shenyang, capital of northeast China’s Liaoning Province. The blast happened at around 6:15 a.m. following a gas leak, while the ensuing fire was put out at 6:56 a.m., according to the city’s fire brigade. An initial probe suggested that the blast was caused by incorrect use of the liquified gas.