Connect with us

Africa & Middle East

ပါကစ္စတန်သို့ ရောက်ရှိနေသည့် အာဖဂန်နစ္စတန် ဒုက္ခသည် ၈၀၀ ကျော် နေရပ်ပြန်

အာဖဂန်နစ္စတန်အရှေ့ပိုင်း နန်ဂါပြည်နယ်ရှိ တော့ဟမ်နယ်စပ်ဖြတ်ကျော်ဂိတ်တွင် ဒုက္ခသည် ကလေးများကို ၂၀၂၄ ခုနှစ် ဧပြီ ၂၁ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

အိမ်နီးချင်း ပါကစ္စတန်သို့ ရောက်ရှိနေသည့် အာဖဂန်နစ္စတန်မှ ဒုက္ခသည် ၈၀၀ ကျော်မှာ ဧပြီ ၁၉ ရက်တွင် ၎င်းတို့၏ နေရပ်သို့ ပြန်လာကြပြီဖြစ်ကြောင်း အာဖဂန်နစ္စတန် ဒုက္ခသည်များ ပြန်လည်လက်ခံရေး ဝန်ကြီးဌာနကပြောသည်။ ဒုက္ခသည် ၈၃၇ ဦးမှာ ပါကစ္စတန်မှ တော့ဟမ်နှင့် စပင်ဘိုဒါ့ခ်နယ်စပ်ဖြတ်သန်းရေးဂိတ်များမှ တစ်ဆင့် အာဖဂန်နစ္စတန်သို့ ပြန်လာကြပြီဖြစ်ကြောင်းပြောသည်။
ပါကစ္စတန်အစိုးရသည် ဧပြီ ၁၅ ရက်မှစတင်ကာ အာဖဂန်ရွှေ့ပြောင်းနေထိုင်သူများကို ဒုတိယအသုတ်အနေဖြင့် နေရပ်ပြန်လည်ပို့ဆောင်မှုများ စတင်ပြုလုပ်ခဲ့သည်။ ပထမအသုတ်အဖြစ် အာဖဂန်ဒုက္ခသည် ၅၅၀,၀၀၀ကျော်ကို နေရပ်ပြန်လည် ရောက်ရှိလာပြီဖြစ်ကြောင်း အာဖဂန်အရာရှိများက ပြောသည်။
အာဖဂန်အစိုးရသည် နိုင်ငံရပ်ခြားသို့ ရောက်ရှိနေသည့် ၎င်းတို့နိုင်ငံသားများ နေရပ်ပြန်ရန် မကြာခဏဖိတ်ခေါ်တိုက်တွန်းခဲ့ပြီး စစ်ပွဲဒဏ်ခံ တိုင်ပြည်ကိုပြန်လည်တည်ဆောက်ရာတွင် ပါဝင်ကြရန်လည်း တိုက်တွန်းခဲ့သည်။ (Xinhua)

………………………..
(English Version)
Over 800 Afghan refugees return home from Pakistan in 2 days
KABUL, April 20 (Xinhua) — More than 800 Afghan refugees have returned to their homeland from neighboring Pakistan on Friday and Thursday, Afghanistan’s Ministry for Refugees and Repatriation Affairs said Saturday.
A total of 837 refugees returned from Pakistan via the Torkham and Spin Boldak border crossing points to Afghanistan, the ministry said in a statement posted on its X account.
The Pakistani government reportedly started the second phase of sending back Afghan migrants from April 15, and more than 550,000 Afghan refugees returned from Pakistan in the first phase, according to Afghan officials.
The Afghan caretaker government has repeatedly urged Afghan migrants living abroad to return home and contribute to rebuilding their war-torn country. ■
This photo taken on April 21, 2024 shows refugee children at the Torkham border crossing point in east Afghanistan’s Nangarhar Province.(Photo by Aimal Zahir/Xinhua)