Connect with us

Africa & Middle East

ဂါဇာကမ်းမြောင်ဒေသ၌ ပါလက်စတိုင်း သေဆုံးသူပေါင်း ၃၄,၁၅၁ ဦးအထိတိုးလာ

ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်း Deir el-Balah မြို့တွင် ပျက်စီးနေသော အဆောက်အအုံပေါ်မတ်တတ်ရပ်နေသူများကို ၂၀၂၄ ခုနှစ် ဧပြီ ၂၂ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးတို့၏ ဆက်လက်တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်းသေဆုံးသူပေါင်း ၃၄,၁၅၁ ဦးအထိတိုးလာကြောင်း ဧပြီ ၂၂ ရက်တွင် ဟားမက်စ် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင်ပြောကြားသည်။
လွန်ခဲ့သည့် ၂၄ နာရီအတွင်း အစ္စရေးတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၅၄ ဦးသေဆုံးပြီး ၁၀၄ ဦး ဒဏ်ရာရခဲ့ရာ အစ္စရေး-ဟားမက်စ် ပဋိပက္ခစတင်ဖြစ်ပွားသော အချိန်မှစကာ ပါလက်စတိုင်း စုစုပေါင်း သေဆုံးသူ ၃၄,၁၅၁ ဦးနှင့် ဒဏ်ရာရရှိသူ ၇၇,၀၈၄ ဦးအထိရှိလာပြီဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနက ပြောကြားသည်။

ပြင်းထန်သည့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အပျက်အစီးများအောက်တွင် သေဆုံးသူအချို့ကျန်ရှိနေသေးကြောင်းထုတ်ပြန်ချက်တွင် ပြောကြားသည်။ (Xinhua)

………………………….
(English Version)
Palestinian death toll in Gaza rises to 34,151: ministry
GAZA, April 22 (Xinhua) — The Palestinian death toll from ongoing Israeli attacks on the Gaza Strip has risen to 34,151, the Hamas-run Health Ministry said in a statement on Monday.
The Israeli army killed 54 Palestinians and wounded 104 others during the past 24 hours, bringing the total death toll to 34,151 and injuries to 77,084 since the outbreak of the Israel-Hamas conflict, said the ministry.
The statement noted that some victims remained under the rubble amid heavy bombardment and a lack of rescue crews.
Israel launched a large-scale offensive against Hamas in the Gaza Strip to retaliate against a Hamas rampage through the southern Israeli border on Oct. 7, 2023, during which about 1,200 people were killed and more than 200 were taken hostage. ■
Photo- People stand on the rubble of a destroyed building in central Gaza Strip city of Deir el-Balah, on April 22, 2024.(Xinhua)