Agriculture
မြန်မာနိုင်ငံက၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း မိုးစပါး ဧက ၁၅ သန်း စိုက်ပျိုးရန်လျာထား
ရန်ကုန်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း မိုးစပါးစိုက်ဧရိယာ ဧက ၁၅ သန်းကျော် စိုက်ပျိုးမည်ဟု လျာထားပြီး ယင်းပမာဏမှာ ယခင်ဘဏ္ဍာနှစ်ကထက် ဧက ၈,၀၀၀ ကျော်များလာခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဧပြီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
ယင်းအနက် စိုက်ဧက ၇၀၀,၀၀၀ ကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထောက်ပံ့မှုဖြင့် စိုက်ပျိုးမည်ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ဆင်ဟွာကို ပြောခဲ့သည်။
ယခင်ဘဏ္ဍာနှစ်က မိုးစပါး ဧက ၁၅ သန်းနီးပါး အောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် မိုးစပါးကို မေလမှ အောက်တိုဘာလအတွင်း စိုက်ပျိုးလေ့ရှိကြောင်း သိရသည်။
ရည်မှန်းသတ်မှတ်ချက်များ ပြည့်မီစေရေးအတွက် ဆန်စပါးစိုက်ပျိုးမှုနှင့် ရိတ်သိမ်းမှု နည်းပညာလေ့ကျင့်မှုများကို တိုင်းဒေသကြီးများနှင့် ပြည်နယ်များအလိုက် ပံ့ပိုးဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း မုတ်သုံရာသီပြီးနောက် နွေစပါးစိုက်ဧရိယာ ဧက ၂.၆ သန်း စိုက်ပျိုးရန် သတ်မှတ်လျာထားကြောင်း သိရသည်။ (Xinhua)
………………………
(English Version)
Myanmar plans to cultivate 15 million acres of monsoon paddy in FY 2024-25
YANGON, April 23 (Xinhua) — Myanmar plans to cultivate over 15 million acres of monsoon paddy in fiscal year 2024-25, with an increase of over 8,000 acres from the previous year, a Department of Agriculture official said on Tuesday.
Of the total, 700,000 acres will be cultivated with support from the state economic promotion fund, the official told Xinhua.
In the previous fiscal year, nearly 15 million acres of monsoon paddy were successfully cultivated. The monsoon paddy cultivation season in Myanmar typically runs from May to October.
To meet the new target, trainings on paddy cultivation and harvest techniques are being provided across regions and states of the Southeast Asian country, according to the official.
Additionally, Myanmar aims to cultivate 2.6 million acres of summer paddy in fiscal year 2024-25, following the monsoon season, the official said.
Photo: Farmers transplant seedlings in a paddy field on the outskirts of Yangon, Myanmar, Aug. 8, 2023. (Photo by Myo Kyaw Soe/Xinhua)