Connect with us

Africa & Middle East

တန်ဇန်းနီးယားနိုင်ငံ၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၁၅၅ ဦး သေဆုံးပြီး ၂၃၆ ဦး ဒဏ်ရာရ

တန်ဇန်းနီးယားနိုင်ငံ Dar es Salaam မြို့ရှိ ရေကြီးရေလျှံသောလမ်းတွင် ဖြတ်သန်းသွားလာသူများကို ၂၀၂၄ ခုနှစ် ဧပြီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒိုဒိုမာ၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

တန်ဇန်းနီးယားနိုင်ငံ၌ ရုတ်တရုက် ရေကြီးခြင်းကြောင့် လူ ၁၅၅ ဦး သေဆုံးပြီး ၂၃၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဝန်ကြီးချုပ် ကတ်စ်ဆင် မာဂျာလီဝါက ဧပြီ ၂၅ ရက်က လွှတ်တော်တွင် ပြောကြားခဲ့သည်။
တန်ဇန်းနီးယားနိုင်ငံ ဒေသကြီး ၂၆ ခုအနက် ၁၄ ခုတွင် ရေကြီးမှုဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၂၀၀,၀၀၀ ရေကြီးမှုဒဏ် သက်ရောက်မှု ခံစားခဲ့ရကာ နေအိမ်ပေါင်း ၁၀,၀၀၀ ပျက်စီးခဲ့ရသသည်ဟု ဝန်ကြီးချုုပ်ကပြောသည်။
အခြေခံကျောင်း အဆောက်အအုံများ၊ လယ်ယာများ၊ လမ်းတံတားများ၊ ကျန်းမာရေး အဆောက်အအုံများနှင့် မွေးမြူရေးလုပ်ငန်းများတွင် ရေကြီးမှု ဒဏ်ခံစားခဲ့ရသည်ဟု ၎င်းကဆက်ပြောသည်။ နောက်ထပ်ဆိုးရွားသည့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားခြင်းမှ ကာကွယ်ရန်ရည်ရွယ်၍ အစိုးရသည် ရေကြီးမှုဖြစ်ပွားသည့် ဒေသများတွင် စာသင်ကျောင်းများပိတ်ထားခြင်း အပါအဝင် အခြားသောကိစ္စများကို လုပ်ဆောင်လျက်ရှိသည်။
တန်ဇန်းနီးယား အမျိုးသားလမ်းအေဂျင်စီ၊ တန်ဇန်းနီးယား ကျေးလက်နှင့် မြို့ပြလမ်းအေဂျင်စီ နှင့် တန်ဇန်းနီးယား မီးရထားကော်ပိုရေးရှင်းတို့ကိုလည်း လမ်းနှင့် ရတားလမ်း အပျက်အစီးများကို အကဲဖြတ်မှုများလုပ်ဆောင်ပြီး ချက်ချင်းပြင်ဆင်မှုများ ပြုလုပ်ရန် ညွှန်ကြားထားကြောင်း ၎င်းကဆက်ပြောသည်။
အယ်နီညို သက်ရောက်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် မိုးသည်းထန်စွာရွာသွန်းမှုသည် မေလတစ်လျှောက် ဖြစ်ပွားမည်ဟု တန်ဇန်းနီးယား မိုးလေဝသ အာဏာပိုင်များက ခန့်မှန်းထားသည်။ (Xinhua)

……………………….
(English Version)
155 dead, 236 injured as torrential rains hit Tanzania
DODOMA, April 25 (Xinhua) — Flash floods caused by ongoing torrential rains have left 155 dead and 236 others injured in Tanzania, Prime Minister Kassim Majaliwa told parliament on Thursday.
Flash floods have been reported in 14 out of the 26 regions in mainland Tanzania, affecting 200,000 people and damaging 10,000 houses, Majaliwa told the House in the capital, Dodoma.
School infrastructure, farm crops, roads, bridges, health facilities, and livestock were impacted by the floods, he said.
The government has taken steps aimed at preventing further catastrophic situations, like ordering the closure of schools in areas severely affected by the floods, Majaliwa said.
The Tanzania National Roads Agency, the Tanzania Rural and Urban Roads Agency, and the Tanzania Railways Corporation have been ordered to undertake an urgent assessment of damaged roads and railways for immediate renovation, he said.
The heavy rains, influenced by El-Nino conditions, are expected to last through May, according to the Tanzania Meteorological Authority. ■

People walk through a flooded road in Dar es Salaam, Tanzania, on April 25, 2024.(Xinhua/Emmanuel Herman)