Connect with us

Africa & Middle East

ဆိုမာလီယာတွင် သုံးလတာအတွင်း လူပေါင်း ၈၈,၀၀၀ နေရပ်စွန့်ခွာထွက်ပြေးရသည်ဟု ကုလအေဂျင်စီပြောကြား

ဆိုမာလီယာနိုင်ငံ Baidoa ခရိုင်ရှိပြည်တွင်း NGO မှ အစားအစာပေးဝေမှုကို စောင့်ဆိုင်းနေသူများအား ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မိုဂါဒစ်ရှူး၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

ဆိုမာလီယာနိုင်ငံတွင် ၂၀၂၄ ခုနှစ် ပထမ သုံးလတာကာလအတွင်း ပြည်တွင်း၌ပင် နေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း ၈၈,၀၀၀ ခန့်ရှိသည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဧပြီ ၂၈ ရက်တွင်ပြောသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် ရေကြီးမှု၊ အခြေအနေမတည်ငြိမ်မှုများနှင့် ပဋိပက္ခများကြောင့် ယခုကဲ့သို့ နေရပ်စွန့်ခွာထွက်ပြေးရမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကပြောသည်။
နိုင်ငံအတွက် လုံခြုံရေးအခြေအနေများမှာ ဆက်လက်ဆိုးရွားနေဆဲဖြစ်သည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီကပြောသည်။

ဆယ်စုနှစ်များစွာကြာ ပဋိပက္ခများနှင့် မလုံခြုံမှုများ၊ နိုင်ငံရေးတင်းမာမှုများ၊ ရာသီဥတု ပြောင်းလဲမှုများကြောင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပို၍ဖြစ်ပေါ်စေသည်ဟု ကုလသမဂ္ဂ အေဂျင်စီက ပြောကြားသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများသည် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် လျော့ကျသွားသော်လည်း ဆိုမာလီယာတွင် ရာသီဥတုအကျပ်အတည်းမှာ ဆက်လက်ရှိနေဆဲဖြစ်သည်။
ရေကြီးမှုနှင့် မိုးခေါင်မှုများကြောင့် ဆိုမာလီအများအပြားကို နေရပ်စွန့်ခွာရန် ဖိအားများဖြစ်ပေါ်ခဲ့သည်ဟု ကုလအေဂျင်စီကပြောသည်။ (Xinhua)
………………………….
(English Version)
UN refugee agency says 88,000 displaced in Somalia in 3 months
MOGADISHU, April 28 (Xinhua) — The United Nations High Commissioner for Refugees (UNHCR) said on Sunday that about 88,000 people were internally displaced in Somalia in the first three months of 2024.
The UNHCR said the displacement was mainly caused by conflict or insecurity and the long-term effects of flooding, which occurred between October and December 2023.
“Clan conflicts and political differences within the federal member states (FMS) as well as between the Somali government and the FMS further threaten the fragile security situation,” the UNHCR said in its latest update released in Mogadishu, the capital of Somalia.
The UN refugee agency noted that the security situation in the country remains tense, with ongoing military operations to reclaim territory from al-Shabab, which has been responsible for multiple indiscriminate attacks, often causing harm to ordinary Somalis.
The indiscriminate reprisal attacks against the non-state armed group have resulted in the deaths and displacement of innocent bystanders, the UNHCR said.
Meanwhile, decades of conflict and insecurity, political tensions, clan dynamics, and climate change have resulted in an unprecedented humanitarian crisis, according to the UN agency.
“The heavy rains and flooding subsided by the end of 2023, but the climate crisis persists in Somalia. The residual effects of the floods and drought continue to displace many Somalis,” the UNHCR said.
It said finding durable solutions for refugees and asylum-seekers, refugee returnees, and internally displaced persons in cooperation with the government, federal member states, and development and humanitarian partners remains one of its top priorities in Somalia. ■
Displaced persons wait for food distribution from a local NGO in Baidoa district, Somalia, on Jan. 20, 2023. (Photo by Abdi/Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.