Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံ၌ အပူချိန်မြင့်တက်လာမည်ဟု တာဝန်ရှိသူများ သတိပေးပြောကြား

ကမ္ဘောဒီးယားနိုင်ငံ စီရမ်ရိ(ပ်)ရှိ အန်ကောဝပ်သို့ လာရောက်လည်ပတ်ကြသူများကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ၌ လာမည့်ရက်များအတွင်း အပူချိန် ၄၃ ဒီဂရီ ဆဲလ်စီးယပ်သို့ ရောက်ရှိလာနိုင်သဖြင့် နိုင်ငံသားများအား နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ရှားရန် ကျန်းမာရေးဝန်ကြီးဌာနက နှိုးဆော်ထားကြောင်း သိရသည်။
ပူပြင်းသော နေရောင်အောက်တွင် အကာအကွယ်မပါဘဲ နေထိုင်ခြင်းမပြုရန် တာဝန်ရှိသူများက သတိပေးထားသည်။
ထို့ပြင် ရေဓာတ်လုံလောက်စေရေးအတွက် တစ်နေ့လျှင် အနည်းဆုံး ရေနှစ်လီတာကိုသောက်သုံးရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားသည်။

နိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အနောက်မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသရှိ ပြည်နယ်များတွင် ဧပြီ ၂၈ ရက်မှ ၃၀ ရက်အတွင်း အပူချိန် ၄၃ ဒီဂရီဆဲလ်ဆီးယပ်သို့ ရောက်ရှိလာနိုင်ကြောင်း ရေအရင်းအမြစ်နှင့် မိုးလေဝသဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

ယခုကဲ့သို့ အပူချိန်များမြင့်တက်လာမှုသည် နှစ်ပေါင်း ၁၇၀ အတွင်း စံချိန်တင်ဖြစ်ပွားခြင်းဖြစ်ကြောင်း ယင်းဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ချန်ရူသာကပြောကြားသည်။ (Xinhua)
………………………………….
(English Version)
Cambodia urges people to minimize direct exposure to sun with soaring temperature

PHNOM PENH, April 28 (Xinhua) — Cambodia’s Ministry of Health on Sunday called on people to minimize direct exposure to the sun, as temperature can reach 43 degrees Celsius these days.
“People should avoid staying out in the sun for too long without sunshades,” the ministry said in a statement.
The ministry also advised people to drink plenty of water, at least two liters a day, although they are not thirsty.
According to the Ministry of Water Resources and Meteorology’s weather forecast, temperature in some provinces in the northern, northeastern, northwestern, central and southern parts of the country will reach 43 degrees Celsius from April 28 to 30.
Chan Yutha, a spokesman and secretary of state for the Ministry of Water Resources and Meteorology, said on Thursday that the maximum temperatures in Cambodia these days are the highest-ever recorded in about 170 years.
He said temperatures will start to drop in early May, as rainfall is predicted. ■

Tourists visit the Angkor Wat in Siem Reap province, Cambodia on Feb. 10, 2024.(Photo by Sao Khuth/Xinhua)