Connect with us

Asia

ထိုင်းနိုင်ငံသို့၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် နိုင်ငံခြားခရီးသွား ၉ ဒသမ ၃၇ သန်းကျော် ဝင်ရောက်

ထိုင်းနိုင်ငံအတွင်း နိုင်ငံခြားခရီးသည်များ လာရောက်လည်ပတ်မှုအား တွေ့ရစဉ်(ဆင်ဟွာ)

ဘန်ကောက်၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံသည် ၂၀၂၄ ခုနှစ် ပထမသုံးလတွင် နိုင်ငံခြားခရီးသွား ၉ ဒသမ ၃၇ သန်းကျော် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဝင်ရောက်မှုသည် လွန်ခဲ့သော နှစ်ထက် ခရီးသွားဝင်ရောက်မှု ၄၄ ရာခိုင်နှုန်း တိုးလာကြောင်း သိရသည်။

ထိုင်းနိုင်ငံသည် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် ခရီးသည် ၃၅ သန်း လာရောက်မည်ဟု မျှော်မှန်းထားကြောင်း တရားဝင်အချက်အလက်များတွင် ဖော်ပြထားသည်။

ဇန်နဝါရီမှ မတ်လအတွင်း ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံမှ ၁ ဒသမ ၇၅ သန်း၊ မလေးရှားမှ ၁ ဒသမ ၁၆ သန်းနှင့် ရုရှားမှ ၆၂၂၈၁၃ ဦး လက်ခံရရှိခဲ့ကြောင်း ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ခရီးသွားအရေအတွက် မြင့်တက်လာခြင်းသည် ထိုင်းအစိုးရ၏ ဗီဇာကင်းလွတ်ခွင့် အစီအစဉ်ကြောင့်ဖြစ်သည်။

ထိုင်းနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ခရီးသွားကဏ္ဍမှ ဘတ် ၃ ဒသမ ၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၉၅ ဒသမ ၄၅ ဘီလီယံ) ရရှိရန် မျှော်မှန်းထားသည်။ (Xinhua)

………………………………………….
(English Version)
Thailand receives over 9.3 mln foreign tourists in Q1

BANGKOK, April 2 (Xinhua) — Thailand received over 9.37 million foreign tourists in the first three months of 2024, an increase of 44 percent from a year earlier, on course to meet the year-end target of 35 million foreign arrivals, official data showed on Tuesday.
In the January-March period, Thailand welcomed 1.75 million visitors from China, the largest source of tourists to the Southeast Asian country, followed by 1.16 million from Malaysia and 622,813 from Russia, according to data from the Thai Ministry of Tourism and Sports.
The rising number of inbound tourists is supported by the government visa-exemption scheme, including the mutual visa-free agreement between Thailand and China, effective March 1, which helps boost confidence in travelling between the two countries, the ministry said in a statement.
With joint promotions to showcase tourist destinations and increased flight routes connecting Thailand with first- and second-tier Chinese cities, the Tourism Authority of Thailand (TAT) maintains its goal to attract 8 million tourists from China this year, TAT governor Thapanee Kiatphaibool told Xinhua on Tuesday.
Thailand is targeting tourism revenue of 3.5 trillion baht (about 95.45 billion U.S. dollars) in 2024, and the tourist arrivals will rise going forward as the kingdom focuses on elevated travel experiences to draw more spending, Thapanee said.
In pre-pandemic 2019, Chinese tourists accounted for about 28 percent of the nearly 40 million foreign tourists to Thailand. Tourism, the key driver of the nation’s economic growth, accounts for about 12 percent of its gross domestic product. ■