Connect with us

Africa & Middle East

ဇင်ဘာဘွေနိုင်ငံ၌ မိုးခေါင်မှုကြောင့် သဘာဝဘေးအန္တရာယ်အဖြစ် ကြေညာ

ဟာရာရီ၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

ဇင်ဘာဘွေနိုင်ငံတွင် အယ်နီညိုဖြစ်စဉ်ကြောင့် မိုးခေါင်မှုဖြစ်ပွားကာနိုင်ငံအတွင်း စားနပ်ရိက္ခာဖူလုံမှုအတွက် ခြိမ်းခြောက်မှုဖြစ်ပေါ်လာသောကြောင့် သဘာဝဘေးအန္တရာယ်အဖြစ် သမ္မတ အီမာဆွန်မနန်ဂါဂွာက ဧပြီ ၃ ရက်တွင် ကြေညာခဲ့သည်။

အယ်နီညိုဖြစ်စဉ်ကြောင့် မိုးခေါင်ရေရှားမှုဖြစ်ပေါ်ကာ လက်ရှိစိုက်ပျိုးရာသီဖြစ်သည့် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မျှော်မှန်းထားသည့်အတိုင်း အကောင်အထည်မဖော်နိုင်ခဲ့ချေ။ ရလဒ်အနေဖြင့် နိုင်ငံအတွင်း ၈၀ ရာခိုင်နှုန်းမှာ သာမန်ထက်နည်းသည့် မိုးရွာသွန်းမှုကိုသာတွေ့ကြုံခဲ့ရသည်ဟု ဇင်ဘာဘွေသမ္မတကမိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ယခုကြေညာချက်ကြောင့် ဇင်ဘာဘွေနိုင်ငံသားအားလုံး နိုင်ငံတကာအသိုင်းအဝိုင်း၊ ကုလသမဂ္ဂအေဂျင်စီနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် နိုင်ငံဘေးသက်သာရာရစေရန် လှူဒါန်းနိုင်ရေးပြောကြားခဲ့သည်။ ကနဦးအကဲဖြတ်မှုများအရ ဇင်ဘာဘွေနိုင်ငံတွင် အမျိုးမျိုးသော တုံ့ပြန်ဆောင်ရွက်မှုများအတွက် အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် လိုအပ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

ဇင်ဘာဘွေနိုင်ငံသည် ပြောင်းသီးနှံနှင့် အခြားစိုက်ပျိုးသီးနှံများ စိုက်ပျိုးရန် ၁၇၂၈,၈၉၇ ဟက်တာကို အသုံးပြုနိုင်ကြောင်း သမ္မတကပြောသည်။ ဇင်ဘာဘွေနိုင်ငံသည် လူနှင့်ကျွဲနွားများ နှစ်စဉ်စားသုံးရန် နှံစားသီးနှံ ၂ ဒသမ ၂ သန်းတန် လိုအပ်သည်။ မိုးခေါင်မှုကြောင့် တိုင်းပြည်၏ နှံစားသီးနှံစိုက်ပျိုးမှုမှာ တန်ချိန် ၈၀၀,၀၀၀ ဝန်းကျင်သာရှိကြောင်းခန့်မှန်းထားသည်။ (Xinhua)

………………………….
(English Version)
Zimbabwe declares state of disaster due to drought
HARARE, April 3 (Xinhua) — Zimbabwean President Emmerson Mnangagwa on Wednesday declared a state of disaster due to an El Nino-induced drought threatening food security in the country.
“The current agricultural season of 2023/2024 has not performed according to expectations due to the El Nino-induced drought. As a result, more than 80 percent of our country received below-normal rainfall,” Mnangagwa said during a state of the nation address at the State House in Harare, the capital.
“By this declaration, I also call upon all Zimbabweans of goodwill, including those in the diaspora, the international community, United Nations agencies, development and humanitarian partners, international financial institutions, the private sector, churches and other faith-based organizations, as well as individuals, to generously donate towards ameliorating this state of national disaster,” Mnangagwa said. ■