Connect with us

Business

မြန်မာနိုင်ငံက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ရေထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော် ရရှိရန် ရည်မှန်းဆောင်ရွက်

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ရွှေပိတောက်ငါးဈေးရှိ ငါးဒိုင်တစ်ခုတွင် အလုပ်လုပ်နေကြသော အလုပ်သမားများအား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ရေထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော် ရရှိရန် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကို မေ ၁၀ ရက်၌ ပြောကြားခဲ့သည်။
ယခုနှစ်၏ ပို့ကုန်ပမာဏမှာ ယမန်နှစ်က ပမာဏနှင့် တူညီမှုရှိသော်လည်း ပို့ကုန်ဝင်ငွေအနေဖြင့်မူ အနည်းငယ် မြင့်တက်လာခဲ့ကြောင်း ၎င်းက ဆိုသည်။
ယခင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံက ရေထွက်ပစ္စည်း တန်ချိန် ၅၀၀,၀၀၀ ကျော် တင်ပို့မှုမှ ဝင်ငွေ ဒေါ်လာ သန်း ၇၀၀ ကျော် ရရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံက ရေထွက်ပစ္စည်းများကို တရုတ်နိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိသည်။

မြန်မာနိုင်ငံတွင် ရေထွက်ကုန်များ လတ်လတ်ဆတ်ဆတ်သိမ်းဆည်းရန် အအေးခန်းသိုလှောင်ရုံ ၁၄၀ ကျော်ရှိကြောင်း သိရသည်။ (Xinhua)

……………………………………….
(English Version)
Myanmar aims to earn over 800 mln USD from fishery exports in FY 2024-25
YANGON, May 10 (Xinhua) — Myanmar has set a target of earning over 800 million U.S. dollars from the export of fishery products in the 2024-25 fiscal year, an official from the Department of Fisheries told Xinhua on Friday.
While this year’s export volume is expected to be the same as last year’s, there will be a slight increase in export earnings, she said.
In the previous fiscal year 2023-24, Myanmar earned over 700 million dollars from exporting over 500,000 tons of fishery products, she added.
Myanmar’s fishery exports reach more than 40 nations, including China and Saudi Arabia, the official said.
The country has more than 140 cold storage facilities for keeping fishery products fresh, the official added.