Connect with us

China

၈ ကြိမ်မြောက် တရုတ်-ရုရှားကုန်စည်ပြပွဲသို့ သမ္မတ ရှီ ဂုဏ်ပြုသဝဏ်လွှာပေးပို့

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် မြို့တော် ဟာအယ်ပင်း၌ ၂၀၂၄ ခုနှစ် မေ ၁၇ ရက်က ကျင်းပသော ၈ ကြိမ်မြောက် တရုတ်-ရုရှားကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားတွင် ဖျော်ဖြေတင်ဆက်နေသော အနုပညာရှင်များကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၈ ကြိမ်မြောက် တရုတ်-ရုရှားကုန်စည်ပြပွဲသို့ ဂုဏ်ပြုသဝဏ်လွှာတစ်စောင် မေ ၁၇ ရက်က ပေးပို့ခဲ့သည်။ အဆိုပါ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် မြို့တော် ဟာအယ်ပင်း၌ ယင်းနေ့တွင်ပင် ဖွင့်လှစ်ခဲ့သည်။ နှစ်နိုင်ငံ ပူးတွဲကြိုးပမ်းအားထုတ်မှုများဖြင့် တရုတ်-ရုရှားဆက်ဆံရေးသည် တစ်ဆင့်ပြီးတစ်ဆင့် ခိုင်မာစွာတိုးတက်လာခဲ့ပြီး နှစ်နိုင်ငံပြည်သူများ အကျိုးဖြစ်ထွန်းစေမည့် ထင်ရှားသော ပူးပေါင်းဆောင်ရွက်မှု ရလဒ်များလည်း ရရှိခဲ့ကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။ (Xinhua)

……………………………………..
(English Version)
Xi sends congratulatory letter to 8th China-Russia Expo
BEIJING, May 17 (Xinhua) — Chinese President Xi Jinping on Friday sent a congratulatory letter to the eighth China-Russia Expo. The expo opened in Harbin, capital of northeast China’s Heilongjiang Province, on the same day. Xi said that with the joint efforts of the two countries, China-Russia relations have made solid progress step by step and delivered tangible cooperation outcomes to the benefit of the two peoples.
Photo: Artists stage a performance during the 8th China-Russia Expo in Harbin, northeast China’s Heilongjiang Province, May 17, 2024. (Xinhua/Zhang Tao)