Asia
အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်တွင် မိုးကြိုးပစ်မှုကြောင့် လူ ၁၂ ဦးသေဆုံး
နယူးဒေလီ၊ မေ ၁၈ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ (အရှေ့ပိုင်း) အနောက်ဘင်္ဂလားပြည်နယ်တွင် မေ ၁၆ ရက်က မိုးကြိုးပစ်မှုကြောင့် လူ ၁၂ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
အဆိုပါ မိုးကြိုးပစ်မှုသည် အနောက်ဘင်္ဂလားပြည်နယ် ကာလကတ္တားမြို့၏ မြောက်ဘက် ၃၂၇ ကီလိုမီတာအကွာရှိ မော်ဒါခရိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မိုးကြိုးပစ်ခံရချိန်တွင် သေဆုံးသူအားလုံးသည် ၎င်းတို့၏နေအိမ်အတွင်း မရှိဘဲ ဥယျာဉ်ခြံများ၊ လယ်ကွင်းများတွင် အလုပ်လုပ်ကိုင်နေခဲ့ကြကြောင်း တာဝန်ရှိသူများကပြောသည်။
အိန္ဒိယနိုင်ငံတွင် နှစ်စဉ်မုတ်သုံရာသီ စတင်ချိန်တွင် မိုးကြိုးပစ်ခြင်းများကြောင့် လူရာနှင့်ချီ သေဆုံးလျက်ရှိသည်။ (Xinhua)
…………………………….
(English Version)
12 killed in lightning strikes in India’s West Bengal
NEW DELHI, May 17 (Xinhua) — At least 12 people were killed and several others injured Thursday due to lightning in India’s eastern state of West Bengal, officials said.
The casualties in the lightning strikes were reported in Malda district, about 327 km north of Kolkata, the capital city of West Bengal.
Officials said all the victims were outside their houses working in orchards and fields when the lightning struck them.
Every year with the onset of monsoon season, hundreds die in lightning incidents in India. ■
Villagers take a boat on floodwaters to a safer place in Hoogly district of India’s West Bengal State on Aug. 4, 2021. (Str/Xinhua)