Connect with us

Asia

ရာသီဥတုဆိုးရွာမှုကြောင့် သီရိလင်္ကာနိုင်ငံသား ၁၀,၀၀၀ ကျော်ထိခိုက်

သီရိလင်္ကာနိုင်ငံ Gampaha မြို့ရှိ ရေဖုံးလွှမ်းနေသော လမ်းမပေါ်မှ ဆိုင်ကယ်စီးသွားသူတစ်ဦးကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၄ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ကိုလံဘို၊ မေ ၂၁ ရက် (ဆင်ဟွာ)

မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၀,၀၀၀ ကျော် ထိခိုက်ခဲ့ကြောင်း သီရိလင်္ကာ၏ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန ဒုတိယညွှန်ကြားရေးမှူး သူစီသာ ဝေဒရာသ်နီက မေ ၂၀ ရက်တွင် သတင်းထောက်များအားပြောကြားသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မေ ၂၀ ရက် နံနက်ပိုင်းအထိ မိသားစု ၃,၅၁၈ စုမှ လူ ၁၀,၂၉၉ ဦး ထိခိုက်ခဲ့မှုနှင့် အတူ အနုရာဒါပူရခရိုင်မှ လူနှစ်ဦးဒဏ်ရာရခဲ့ပြီး နေအိမ်သုံးလုံးတစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

အနောက်တောင်မုတ်သုံလေစတင်ဝင်ရောက်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု အခြေအနေများ ဆက်လက်ဖြစ်ပေါ်နေကာ တစ်ချိန်တည်းတွင် ယခုသီတင်းပတ်အတွင်း ခရိုင်အများအပြား၌ မိုးရေချိန် ၁၀၀ မီလီမီတာအထက် မိုးသည်းထန်စွာ ရွာသွန်းဖွယ်ရှိကြောင်း သီရိလင်္ကာမိုးလေဝသဌာနက ထုတ်ပြန်ထားသည်။ (Xinhua)

…………………………
(English Version)
Over 10,000 Sri Lankans affected by inclement weather
COLOMBO, May 20 (Xinhua) — Over 10,000 individuals have been affected by prevailing heavy rains and strong winds, Deputy Director of Sri Lanka’s Disaster Management Center Thusitha Waidyarathne told journalists here on Monday.
Addressing the media on the effects of prevailing heavy rains, he said 10,299 people from 3,518 families had been affected by Monday morning.
Meanwhile, two people have been injured and three houses partially damaged, Waidyarathne said, adding that the two injured are from the Anuradhapura district.
The heavy rains and strong winds are due to the start of the southwest monsoon, and prevailing conditions will continue, he said.
Meanwhile, the country’s meteorological department said heavy showers above 100 millimeters are likely in many districts this week. ■

A man rides a motorcycle through a flooded road in Gampaha, Sri Lanka, on Nov. 24, 2023. (Photo by Ajith Perera/Xinhua)