Connect with us

Asia

ဗီယက်နမ်နိုင်ငံ မြို့တော်ရှိ အိမ်ခန်းငှားအဆောက်အအုံ မီးလောင်မှုကြောင့် လူ ၁၄ ဦး သေဆုံး

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် မီးလောင်မှုဖြစ်ပွားခဲ့သော အိမ်ခန်းငှားအဆောက်အအုံကို ၂၀၂၄ ခုနှစ် မေ ၂၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- VNA/Handout via Xinhua)

ဟနွိုင်း၊ မေ ၂၄ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းရှိ အိမ်ခန်းငှားအဆောက်အအုံတစ်ခု မေ ၂၄ ရက် နံနက်အစောပိုင်းက မီးလောင်မှုကြောင့် လူ ၁၄ ဦး သေဆုံးပြီး အခြားသူ သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာက သတင်းဖော်ပြခဲ့သည်။ ဧရိယာ စတုရန်းမီတာ ၁၀၀ ရှိသော အဆိုပါ အဆောက်အအုံသည် အကျယ်နှစ်မီတာခန့်သာရှိသော ကျဉ်းမြောင်းသည့်လမ်းကြား၌ တည်ရှိပြီး Trung Kinh လမ်းမှ မီတာ ၂၀၀ ခန့် ကွာဝေးကာ မီးသတ်ကားများဝင်ရောက်ရန် လက်လှမ်းမမီဖြစ်နေကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/TMs

……………………………………..
(English Version)
Fire kills 14 at rental building in Vietnamese capital
HANOI, May 24 (Xinhua) — A fire at a rental building in Vietnam’s capital Hanoi killed 14 people and injured three others early Friday, local media reported. The building, which covers an area of 100 square meters, is located in a narrow alley approximately two meters wide and about 200 meters from Trung Kinh street, making it inaccessible to fire trucks, VnExpress reported.
Photo: This photo taken on May 24, 2024 shows a rental building after a fire in Hanoi, Vietnam. (VNA/Handout via Xinhua)