Connect with us

Australia / Oceania

ပါပူအာနယူးဂီနီနိုင်ငံတွင် ကြီးမားသောမြေပြိုကျမှုကြောင့် လူပေါင်း ၁၀၀ ခန့် သေဆုံး

ဆစ်ဒနီ၊ မေ ၂၄ ရက် (ဆင်ဟွာ)
ပါပူအာနယူးဂီနီနိုင်ငံရှိ ဝေးလံခေါင်သီသောကျေးရွာတစ်ရွာတွင် ကြီးမားသောမြေပြိုမှုဖြစ်ပွားခဲ့ရာ လူပေါင်း ၁၀၀ ခန့် သေဆုံးခဲ့ကြောင်း Australian Broadcasting Corporation (ABC) က မေ ၂၄ ရက်၌ သတင်းဖော်ပြခဲ့သည်။

အဆိုပါဖြစ်ရပ်မှာ ပို့မော့စ်ဘီမြို့မှ အနောက်မြောက်ဘက် ကီလိုမီတာ ၆၀၀ ကျော်အကွာရှိ Enga ပြည်နယ် Kaokalam ကျေးရွာ၌ ဒေသစံတော်ချိန် နံနက် ၃:၀၀ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ABC သတင်းအရ သိရသည်။ (Xinhua)
……………………………………..
(English Version)
About 100 feared dead during huge landslide in PNG — media
SYDNEY, May 24 (Xinhua) — The Australian Broadcasting Corporation (ABC) reported on Friday that about 100 people were feared dead after a huge landslide battered a remote village in Papua New Guinea.
According to ABC, the incident occurred at around 3:00 a.m. local time in Kaokalam Village in Enga Province, located over 600 km northwest of Port Moresby.