Connect with us

China

တရုတ်နိုင်ငံ၏ ၂၀၂၄ ခုနှစ် ဂျီဒီပီတိုးတက်မှု ၅ ရာခိုင်နှုန်းရှိမည်ဟု IMF တိုးမြှင့်ခန့်မှန်း

ပေကျင်း၊ မေ ၃၀ ရက် (ဆင်ဟွာ)
အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က တရုတ်နိုင်ငံ၏ ၂၀၂၄ ခုနှစ်အတွင်း ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုးကို ဧပြီလက ၄.၆ ရာခိုင်နှုန်းရှိမည် ဟူသော ခန့်မှန်းချက်အား ၅ ရာခိုင်နှုန်းသို့ တိုးမြှင့်လိုက်ကြောင်း IMF ၏ ပထမ လက်ထောက်မန်နေဂျင်းဒါရိုက်တာ Gita Gopinath က မေ ၂၉ ရက်၌ ပြောကြားခဲ့သည်။
IMF အဖွဲ့က 2024 Article IV Consultation အတွက် တရုတ်နိုင်ငံသို့ မေ ၁၆ ရက်မှ ၂၈ ရက်အထိ လာရောက်ခဲ့ပြီးနောက် ပေကျင်းမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ Gopinath က အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။ ထိုသို့ ခန့်မှန်းချက်တိုးမြှင့်လိုက်ခြင်းသည် “တရုတ်နိုင်ငံက ၂၀၂၄ ခုနှစ် ပထမသုံးလပတ် ဂျီဒီပီတိုးတက်မှုနှင့် လတ်တလော မူဝါဒဆောင်ရွက်ချက်များကြောင့်” ဖြစ်ကြောင်း ၎င်းက သတင်းထောက်များကို ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/TWl
……………………………………..
(English Version)
IMF ups China’s 2024 GDP growth forecast to 5 pct
BEIJING, May 29 (Xinhua) — The International Monetary Fund (IMF) has raised its forecast for China’s GDP growth in 2024 to 5 percent from the April projection of 4.6 percent, IMF’s First Deputy Managing Director Gita Gopinath said Wednesday.
Gopinath made the remarks at a news briefing in Beijing after an IMF team visited China from May 16 to 28 for the 2024 Article IV Consultation. The upward revision was “driven by a strong first-quarter GDP growth in 2024 and recent policy measures,” she told reporters.