Connect with us

Asia

တရုတ်-ကာဂျစ်စတန်-ဥဇဘက်ကစ္စတန် ရထားလမ်းက ပါဝင်သည့်နိုင်ငံ၊ ဒေသတစ်ခုလုံးကို သိသာထင်ရှားသော အကျိုးကျေးဇူးများဆောင်ကြဉ်းပေးမည်

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ကျင်းပသော တရုတ်-ကာဂျစ်စတန်-ဥဇဘက်ကစ္စတန် အစိုးရချင်းသ‌ဘောတူညီချက် လက်မှတ်ရေးထိုးသည့်အခမ်းအနားကို ၂၀၂၄ ခုနှစ် ဇွန် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘစ်ရှ်ကက်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

ယခင်သီတင်းပတ်က အစိုးရချင်း သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြသော တရုတ်-ကာဂျစ်စတန်-ဥဇဘက်ကစ္စတန် ရထားလုပ်ငန်းစီမံကိန်းသည် ဒေသတွင်း ပါဝင်သောနိုင်ငံများအားလုံးနှင့် ပြည်သူများအားလုံးထံ သိသာထင်ရှားသော အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးမည်ဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်များက ပြောကြားခဲ့သည်။
အဆိုပါရထားလမ်းသည် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခါးစန်းမြို့မှ စတင်ကာ ကာဂျစ်စတန်နိုင်ငံကို ဖြတ်၍ ဥဇဘက်ကစ္စတန်နိုင်ငံသို့ ဝင်ရောက်ခြင်းဖြစ်သည်။ အနာဂတ်တွင်မူ အဆိုပါရထားလမ်းသည် အနောက်အာရှနှင့် တောင်အာရှသို့ တိုးချဲ့နိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………..
(English Version)
China-Kyrgyzstan-Uzbekistan railway to bring tangible benefits to participants, whole region, experts say
BISHKEK, June 12 (Xinhua) — The China-Kyrgyzstan-Uzbekistan railway project, on which an intergovernmental agreement was signed last week, will bring enormous and tangible benefits to all participants and peoples in the region, experts have said.
The railway starts from Kashgar in northwest China’s Xinjiang Uygur Autonomous Region, and enters the territory of Uzbekistan through Kyrgyzstan. In the future, it can extend to West Asia and South Asia.
Photo: A signing ceremony of an intergovernmental agreement on the China-Kyrgyzstan-Uzbekistan railway project is held in Beijing, capital of China, June 6, 2024. (Xinhua/Xing Guangli)