Connect with us

Africa & Middle East

ဂါဇာစစ်ပွဲအတွင်း ကလေးခြောက်သိန်းကျော် ပညာသင်ကြားခွင့်မရဟုဆို

ဂါဇာ၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)
ဂါဇာကမ်းမြောင်ဒေသ၌ ပညာသင်ကြားခွင့်မရရှိသည့် ကလေးငယ် ပေါင်း ၆၂၅,၀၀၀ ခန့်ရှိပြီး ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခများကြောင့် ကျောင်းများလည်း ပိတ်ထားရကြောင်း ကုလသမဂ္ဂအဖွဲ့ကြီးက ဇွန် ၁၅ ရက်က ထုတ်ပြန်သည်။
Near East ဒေသရှိ ပါလက်စတိုင်းဒုက္ခသည်များအတွက် ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် လုပ်ငန်းအေဂျင်စီက ပါလက်စတိုင်းကလေးငယ်များအား သင်ကြားမှုပြန်လည်စတင်နိုင်ရန် ကူညီပေးနေသော်လည်း ယခုအခြေအနေမှာ လုံလောက်မှုမရှိဘဲ အပစ်အခတ်ရပ်စဲရေး မဖြစ်မနေ လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ ကလေးများသည် ပဋိပက္ခများနှင့် စစ်ပွဲများတွင် အဆိုးရွားဆုံး ခံစားနေကြရပြီး ၎င်းတို့ထဲမှ အများအပြားမှာ သေဆုံး၊ ဒဏ်ရာရရှိကာ အများစုမှာ တစ်သက်တာ ဒဏ်ရာစွဲကျန် ခံစားရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဆက်လက်ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ဇွန် ၁၄ ရက်အထိ ပါလက်စတိုင်းသေဆုံးသူ ၃၇,၂၉၆ ဦးအထိ တိုးလာနေပြီး ၈၅,၁၉၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဟားမက်စ်အဖွဲ့မှ ကျန်းမာရေးအာဏာပိုင်များ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)

………………………
(English Version)
Over 600,000 children in Gaza denied education amid war: UN agency
Gaza, June 15 (Xinhua) — About 625,000 children have been denied an education in the Gaza Strip as schools have been forced to remain closed due to the Palestinian-Israeli conflict, a UN body said on Saturday.
The United Nations Relief and Works Agency for Palestine Refugees in the Near East said in a statement on social media platform X that its crews continue to support Palestinian children through activities that help them return to learning, but this is not enough, stressing the necessity of a ceasefire now.
The war robbed the children in Gaza of their childhood, and the survivors are suffering from deep trauma, as their schools were destroyed and they lost an entire academic year without education or play, it added.
Children are the first to suffer the most in conflicts and wars, pointing out that a very large number of them have been killed and others injured, and many of them will have scars for life, the statement said.
As of Friday, the Palestinian death toll from the ongoing conflict has risen to 37,296, with 85,197 others wounded, Hamas-run health authorities said in a press statement.