Connect with us

China

သမ္မတ ရှီက ရေကြီးရေလျှံမှု ထိန်းချုပ်ရေးနှင့် မိုးခေါင်‌မှု လျှော့ချရေးအတွက် အရေးကြီးညွှန်ကြားချက်ပေး

ပေကျင်း၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံ သမ္မတနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ရေကြီးရေလျှံမှုနှင့် မိုးခေါင်မှု တိုက်ဖျက်ရေးလုပ်ငန်းဆိုင်ရာ အရေးကြီးညွှန်ကြားချက်များပေးခဲ့ကြောင်း သိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုသည် တရုတ်နိုင်ငံ တောင်ပိုင်းရှိ ဒေသများစွာ၌ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း၊ ရေကြီးရေလျှံမှုနှင့် ဘူမိဗေဒဆိုင်ရာ ဘေးအန္တရာယ်များကလည်း ကွမ်တုန်း၊ ဖူကျန့် ပြည်နယ်များနှင့် အခြားဒေသများ၌ ဖြစ်ပွားလျက်ရှိသလို လူသေဆုံးမှုများနှင့် အိုးအိမ်စည်းစိမ်ပျက်စီးမှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။ ထို့ပြင် တရုတ်နိုင်ငံ မြောက်ပိုင်းရှိ ဒေသအချို့တွင်လည်း မိုးခေါင်မှုဖြစ်ပွားကာ အလျင်အမြန်ကျယ်ပြန့်လျက်ရှိသည်။ တရုတ်နိုင်ငံ တောင်ပိုင်းဒေသတွင် ရေကြီးရေလျှံမှုကြောင့် ထိခိုက်မှုများ ခံစားခဲ့ရသလို နိုင်ငံ မြောက်ပိုင်းတွင်လည်း မိုးခေါင်မှုကြောင့် အခက်အခဲနှင့် ကြုံတွေ့နေရသည်မှာ အထင်အရှားဖြစ်ကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။ (Xinhua)

……………………………………..
(English Version)
Xi delivers important instructions on flood control and drought relief
BEIJING, June 18 (Xinhua) — Xi Jinping, general secretary of the Communist Party of China (CPC) Central Committee, also Chinese president and chairman of the Central Military Commission, delivered important instructions on the work to fight floods and droughts.
Xi pointed out that heavy rain has continued in many places of southern China, and floods and geological disasters have occurred in Guangdong and Fujian provinces as well as other regions, causing casualties and property losses. In some parts of northern China, drought has occurred and spread rapidly. It is obvious that floods are wreaking havoc in the south while droughts are making trouble in the north.