Connect with us

Europe

ဥရောပရှိ တရုတ် NEV ထုတ်လုပ်သူများဆိုင်ရာ အစီရင်ခံစာ ဘရပ်ဆဲလ်တွင် ထုတ်ပြန်ကြေညာ

ဘရပ်ဆဲလ်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)

ဆင်ဟွာသတင်းအေဂျင်စီ၏ တရုတ်နိုင်ငံ စီးပွားရေး သတင်းအချက်အလက်ဝန်ဆောင်မှုနှင့် ဥရောပသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ကုန်သည်ကြီးများအသင်း (CCCEU) တို့က ဥရောပရှိ တရုတ် စွမ်းအင်သစ်အသုံးပြု မော်တော်ယာဉ် (NEV) ထုတ်လုပ်သူများဆိုင်ရာ အစီရင်ခံစာကို ဇွန် ၁၉ ရက်က ပူးတွဲကြေညာခဲ့ကြောင်း သိရသည်။“စိမ်းလန်းသော ဥရောပ – ဥရောပရှိ တရုတ် NEV ထုတ်လုပ်သူများ တိုးတက်မှု အစီရင်ခံစာ” ဟု အမည်ပေးထားသည့် အစီရင်ခံစာကို ဘရပ်ဆဲလ်မြို့တွင် ကျင်းပသည့် ဥရောပ-တရုတ် အမှုဆောင်အရာရှိချုပ်များ စားပွဲဝိုင်းဆွေးနွေးပွဲ၌ ကြေညာခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံနှင့် ဥရောပတို့သည် စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ် (NEV) ကဏ္ဍတွင် အပြန်အလှန် အကျိုးကျေးဇူးများနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများ အပြည့်အဝအောင်မြင်အောင် စွမ်းဆောင်နိုင်လျက်ရှိပြီး စွမ်းအင်ဆွေးနွေးမှု၊ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး၊ လူသားနှင့် သဘာဝတရားကြား သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်ရေး မြှင့်တင်မှုအတွက် ကတိပြုထားကြကြောင်း ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌ ဖုဟွာက အခမ်းအနား၌ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံပိုင် သတင်း‌အေဂျင်စီ၊ ကမ္ဘာလုံးဆိုင်ရာ သတင်းအေဂျင်စီနှင့် အဆင့်မြင့် အတိုင်ပင်ခံအဖွဲ့ဖြစ်သည့်အားလျော်စွာ ဆင်ဟွာသတင်းအေဂျင်စီသည် တရုတ်နိုင်ငံ၏ NEV လုပ်ငန်းတိုးတက်မှုနှင့် NEV ကဏ္ဍတွင် တရုတ်-ဥရောပ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နယ်ပယ်စုံကျယ်ပြန့်သော သတင်းအစီရင်ခံစာနှင့် အတိုင်ပင်ခံအစီရင်ခံစာ အမြောက်အမြားကို ထုတ်လုပ်လျက်ရှိ‌ကြောင်း ဖုက ဆိုသည်။ (Xinhua)
……………………………………..
(English Version)
Report on Chinese NEV manufacturers in Europe launched in Brussels
BRUSSELS, June 19 (Xinhua) — The China Economic Information Service of Xinhua News Agency and the China Chamber of Commerce to the European Union (CCCEU) on Wednesday jointly launched a report focusing on Chinese new energy vehicle (NEV) manufacturers in Europe.
The report titled “Greening Europe — Report on the Development of Chinese NEV Manufacturers in Europe” was launched alongside the Europe-China CEO Roundtable Panel held in Brussels.
Addressing the event, President of Xinhua News Agency Fu Hua said China and Europe are fully capable of achieving mutual benefits and win-win cooperation in the new energy vehicle (NEV) sector, given their commitment to promoting energy conservation, reduction of carbon emissions and harmonious coexistence between man and nature.
As China’s national news agency, a global news agency and a high-end think tank, Xinhua News Agency has produced a series of widely-followed news reports and think tank reports on the development of China’s NEV industry and China-Europe cooperation in the NEV sector, Fu said.
Photo: President of Xinhua News Agency Fu Hua addresses the launch event of a report focusing on Chinese new energy vehicle (NEV) manufacturers in Europe and the Europe-China CEO Roundtable Panel in Brussels, Belgium, June 19, 2024. (Xinhua/Peng Ziyang)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.