Connect with us

Asia

အင်ဒိုနီးရှား၌ ရာသီဥတုပြောင်းလဲမှုက ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးမွေးဖွားခြင်းတို့အပေါ် ခြိမ်းခြောက်နေ

အင်ဒိုနီးရှားနိုင်ငံ ယိုယာဂါတာမြို့၌ ရေပန်းတစ်ခုတွင် ဆော့ကစားနေသည့် မိန်းကလေးငယ်တစ်ဦးအား ၂၀၂၄ ခုနှစ် ဇွန် ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျကာတာ၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ၌ ရာသီဥတုပြောင်းလဲမှုက ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးမွေးဖွားခြင်းတို့အပေါ် ခြိမ်းခြောက်နေကြောင်း တာဝန်ရှိသူများက ဇွန် ၂၄ ရက်တွင် ထုတ်ပြန်သည်။
ကမ္ဘာကြီးပူနွေးမှုကြောင့် အချိန်မတိုင်မီ ကလေးမွေးဖွားမှုကို ဖြစ်ပေါ် စေကာ ကိုယ်အလေးချိန်နည်းသည့် ကလေးများကို မွေးဖွားနိုင်ခြေမြင့်တက်စေသည်ဟု အမျိုးသားမိသားစုစီမံကိန်းပူးပေါင်းဆောင်ရွက်မှု ဘုတ်အဖွဲ့က ထုတ်ပြန်ထားသည်။ ဥပမာအားဖြင့် ကမ္ဘာကြီးပူနွေးမှုကြောင့် ရေကြီးမှုဖြစ်ပေါ်ရာ ထိုအခြေအနေသည် ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် စိတ်ဖိစီးမှုကိုဖြစ်ပေါ်စေကြောင်း၊ ထိုမှတစ်ဆင့်
ကိုယ်ဝန်ဆောင်နောက်ဆက်တွဲ အခြေအနေများကို အလိုအလျောက်ဖြစ်ပေါ်စေခြင်းဖြစ်ကြောင်း ဘုတ်အဖွဲ့ဥက္ကဋ္ဌ ဟက်စတိုဝါဒိုယိုကပြောသည်။

အလားတူ ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့်အတူ ကိုယ်ဝန်ဆောင်စဉ်သွေးတိုးမှုမှာလည်းမြင့်တက်လာကြောင်း ၎င်းကဆက်ပြောသည်။ ကိုယ်ဝန်ဆောင်စဉ် သွေးတိုးခြင်းမှာ သာမန်မျှသာဖြစ်သော်လည်း သွေးပေါင်ချိန် အလွန်မြင့်တက်ပါက ကျန်းမာရေးကိုပင် ထိခိုက်နိုင်သည်။

ထို့ပြင် ကလေးမွေးဖွားစဉ် မိခင်သေဆုံးမှုနှုန်းသည် သတ်မှတ်နှုန်းထားဖြစ်သည့်လူတစ်သိန်းလျှင် အယောက် ၇၀ ထက်များစွာ ကျော်လွန်ကာ ၁၈၉ ယောက်အထိမြင့်တက်လာသည်ဟု ဟက်စတိုဝါဒိုယိုကဆက်ပြောသည်။ ထို့အတူ မီးဖွားစဉ် မိခင်သေဆုံးသွားသော မွေးကင်းစကလေးငယ်များအနက် ၅၀ ရာခိုင်နှုန်းမှာ အသက်တစ်နှစ်ထက်ကျော်၍ အသက်မရှင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မွေးကင်းစကလေးငယ်များ ယခုကဲ့သို့ သေဆုံးမှုနှုန်းမြင့်မားလာရခြင်းအတွက် အဓိကကျသောအကြောင်းရင်းတစ်ခုမှာ မိခင်သေဆုံးမှုနှုန်းမြင့်မားလာခြင်းဖြစ်သည်ဟု ဟက်စတိုဝါဒိုယိုကဆိုသည်။

နိုင်ငံအတွင်း ကိုယ်ဝန်ဆောင်ခြင်းနှင့် ပတ်သက်သည့်ပြဿနာများကို ပိုမိုဆိုးဝါး စေသည့်အချက်မှာ ရာသီဥတုပြောင်းလဲမှု တစ်ခုတည်းကြောင့်မဟုတ်ဘဲ အပူချိန်မြင့်တက်မှု၊ ရေနှင့်လေညစ်ညမ်းမှုများ ကြောင့်လည်းပါဝင်ကြောင်း ၎င်းကပြောထားသည်ဟု သိရသည်။ (Xinhua)

………………………….
(English Version)
Climate change poses threats to pregnancy, childbirth in Indonesia
JAKARTA, June 25 (Xinhua) — Indonesia, the fourth most populous country in the world, is confronting threats associated with pregnancy and childbirth complications due to the physical impacts of climate change, according to authorities on Monday.
The country’s National Family Planning Coordinating Board (BKKBN) revealed that in Indonesia, global warming can cause premature birth and increase the rate of low birth weight.
“This is because the situation caused by global warming, such as flooding, for example, can cause stress to pregnant women and therefore can automatically trigger pregnancy complications,” said Hasto Wardoyo, head of the BKKBN in Jakarta.
He said that the report of preeclampsia had also increased along with the amount of environmental pollution. Preeclampsia is a pregnancy problem in which the blood pressures of pregnant women, which are usually normal, rise very high and cause dangerous threats to their health. It usually happens during 20 weeks of pregnancy.
Wardoyo referenced national statistics indicating that Indonesia’s maternal mortality rate stands at 189 per 100,000 live births, a figure significantly higher than the target rate of 70 per 100,000 live births.
Data from Indonesia’s Ministry of Women’s Empowerment and Child Protection demonstrates that over 50 percent of infants whose mothers die in childbirth do not survive past their first year. Consequently, maternal mortality is a significant risk factor for infant mortality.
Wardoyo noted that climate change not only exacerbated pregnancy-related issues but also heightened the risk of heat-induced fatalities and the contamination of water and air in Indonesia. It further diminished air quality, potentially leading to respiratory complications and food scarcity, he added.■
A girl enjoys the water sprayed from a fountain in Yogyakarta, Indonesia, June 24, 2024. (Photo by Agung Supriyanto/Xinhua)