Connect with us

Business

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သက်သာသောနှုန်းထားဖြင့် အိမ်ထောင်စုများကို ဆန်ရောင်းချပေး

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ဆန်စပါးကုန်စည်ဒိုင်အပြင်ဘက်တွင် ဆန်ဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေသူများကို ၂၀၂၄ ခုနှစ် ဇွန် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် သက်သာသောနှုန်းထားများဖြင့် ဆန်များဝယ်ယူရန် ပြည်သူများက ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း) တွင် တန်းစီစောင့်ဆိုင်းနေကြသည်။
အသက် ၆၃ နှစ်အရွယ် ဒေါ်လှလှသိန်းက “ဆန်က အပြင်ဈေးတွေမှာထက် ပိုပြီးသက်သာလို့ ဒီမှာလာဝယ်တာပါ။ အပြင်မှာက ဆန် ၁၀၈ ပေါင် တစ်အိတ်ကို ကျပ် လေးထောင်လောက်ကွာတယ်။ ဒီမှာ ဆန်လာဝယ်လိုက်တဲ့အတွက် ပိုထွက်လာတဲ့ပိုက်ဆံနဲ့ ဆီ၊ တခြားမီးဖိုဆောင်သုံးပစ္စည်းတွေဝယ်လို့ရတယ်” ဟု ပြောခဲ့သည်။

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ဆန်စပါးကုန်စည်ဒိုင်အပြင်ဘက်တွင် ဆန်ဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေသူများကို ၂၀၂၄ ခုနှစ် ဇွန် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း) တွင် လာရောက်ဝယ်ယူသူ အသက် ၄၂ နှစ်အရွယ် မဆွေက “ဆန်အသင်းက ဈေးနှုန်းသက်သက်သာသာနဲ့ ရောင်းပေးနေတယ်ဆိုတာကြားလို့ ဒီအထိ လာဝယ်တာပါ။ ဒီမှာကိုယ်တိုင်လာဝယ်တော့ ဆန်တစ်အိတ်ကို အပြင်ဈေးမှာထက် ပိုက်ဆံ လေးငါးသောင်းလောက် သက်သာတယ်” ဟု ပြောကြားသည်။

ဆန်ဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေသော အသက် ၂၆ နှစ်အရွယ် မဇွန်ဖြူစိုးကလည်း “ကျွန်မတို့လို သာမန်လူတွေအတွက်ကတော့ ဈေးလျှော့ရောင်းပေးတာက အရမ်းသိသာတာပေါ့။ အဲဒီပိုက်ဆံနဲ့ တခြားလိုတာတွေ ဝယ်လို့ရတယ်လေ။ ကျွန်မတို့မိသားစုအတွက်တော့ တစ်လကို ဆန်တစ်အိတ်လုံလောက်ပါတယ်။ လာဝယ်တဲ့သူတွေများတော့ နှစ်နာရီနီးပါးလောက်စောင့်ရတယ်” ဟု ၎င်း၏ အတွေ့အကြုံကိုပြောခဲ့သည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းနှင့် မြန်မာနိုင်ငံ ဆန်စပါးထုတ်လုပ်သူများအသင်းတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆန်စပါးကုန်စည်ဒိုင်များတွင် စားသုံးသူများကို သင့်တင့်မျှတသောနှုန်းထားများဖြင့် ဆန်ရောင်းချပေးသည့် အစီအစဉ်ကို ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

“ဒီအစီအစဉ်က လက်ရှိတော့ ရန်ကုန်မှာပဲလုပ်ပေးတာပါ။ ရန်ကုန်ကသူတွေအတွက်တော့ အရမ်းကောင်းတာပေါ့။ တစ်နိုင်ငံလုံးမှာရောင်းပေးရင်တော့ အကောင်းဆုံးပါပဲ။ အချိုးကျစနစ်နဲ့ရောင်းပေးတာဆိုတော့ လူတိုင်း မျှမျှတတဖြစ်ပြီး လှောင်မယ့်သူတွေကိုလည်း ကာကွယ်ပြီးသားဖြစ်ပါတယ်။ ပိုက်ဆံအများကြီးရှိရင်တောင်မှ အပိုဝယ်လို့မရဘူး။ အလုအယက်ဝယ်တာမျိုးကိုလည်း ရှောင်ပြီးသားဖြစ်သွားပါတယ်” ဟု အသက် ၄၄ နှစ်အရွယ် မနွယ်နွယ်ဝင်းက ပြောခဲ့သည်။
အိမ်ထောင်စုတစ်စုအနေဖြင့် တစ်လလျှင် အရည်အသွေးမြင့် ဆန်တစ်အိတ်နှင့် ပုံမှန်ဆန်တစ်အိတ် စုစုပေါင်း ဆန်နှစ်အိတ်ဝယ်ယူခွင့်ပြုကြောင်း၊ ကုန်သည်များနှင့် လက်ကားရောင်းချသူများအနေဖြင့်မူ ဝယ်ယူခွင့်မရှိကြောင်း၊ ဆန်လာရောက်ဝယ်ယူသူများအနေဖြင့် အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်များ ယူဆောင်လာရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။ (Xinhua)

……………………………………..
(English Version)
Myanmar rice federation provides rice at reduced prices to support families
YANGON, June 26 (Xinhua) — People are lining up at the Rice and Paddy Wholesale Depot (Wardan) in Myanmar’s Yangon to purchase rice at reduced prices amid rising prices.
Hla Hla Thein, 63, said, “I came here to buy rice because it’s more affordable than in the outside markets. The price difference is about 40,000 kyats (about 19.04 U.S. dollars) per rice bag of 108 lb. Buying here provides some relief, and with the extra money, we can buy oil and other kitchen essentials.”
Ma Swe, 42, said, “I came here to buy rice because I heard that the rice federation distributes rice at affordable prices. By buying rice here, we save around 40,000 to 50,000 kyats (about 19.04 to 23.8 dollars) per bag compared to other markets.”
Zin Phyu Soe, 26, said while queuing to buy rice, “For ordinary people like us, these reduced prices make a big difference, allowing us to buy other necessities. For our family, a rice bag is sufficient for a month. I waited for nearly two hours because it was crowded.”
Under the leadership of the Myanmar Rice Federation, the Myanmar Rice and Paddy Traders’ Association, the Myanmar Rice Millers Association, and the Myanmar Paddy Producers Association, rice and paddy wholesale depots have conducted a program to sell rice at reduced prices to consumers, according to the federation.
Nwe Nwe Win, 44, said, “This program is currently only in Yangon. It’s great for people here, but it would be best if it could reach the whole country. They use a rationing system, selling two packs per household. This ensures everyone gets a fair share and prevents hoarding. Even if you have more money, you can’t buy extra, so it’s balanced and avoids panic buying.”
Each household is allowed to purchase two packs, one of high quality and one of regular quality, and can buy only once a month. Traders and wholesale sellers are prohibited from buying. Buyers must bring a copy of their household registration and National Registration Card, according to the Myanmar Rice Federation.
Photo 1, 2: People stand in a queue to buy rice outside the Rice and Paddy Wholesale Depot in Yangon, Myanmar, June 25, 2024. (Xinhua/Myo Kyaw Soe)