Connect with us

China

မူးယစ်ဆေးဝါးတရားမဝင်ကုန်ကူးမှု သံသယရှိသူ ၃ ဦးကို မြန်မာနိုင်ငံမှ တရုတ်နိုင်ငံထံ လွှဲပြောင်းပေး

ပေကျင်း၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

မူးယစ်ဆေးဝါး တရားမဝင်ကုန်ကူးမှု၌ ပါဝင်ကြောင်း သံသယရှိသူ ဝရမ်းပြေး ၃ ဦးကို မြန်မာနိုင်ငံ၌ ဖမ်းဆီးမိခဲ့ပြီး တရုတ်နိုင်ငံထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဇွန် ၂၆ ရက်၌ ပြောကြားခဲ့သည်။
အဆိုပါ ၃ ဦးသည် တရုတ်နိုင်ငံသားများဖြစ်ပြီး တရုတ်နိုင်ငံ ရဲတပ်ဖွဲ့က ယမန်နှစ် ဒီဇင်ဘာလ၌ ထုတ်ပြန်ထားသော မူးယစ်ရာဇာဝရမ်းပြေး အလိုရှိစာရင်းဝင် ၁၀ ဦးအနက် ပထမဆုံးသူများဖြစ်ကြောင်း ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

၎င်းတို့သည် မြန်မာနိုင်ငံ မြောက်ပိုင်းတွင် နေထိုင်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါး ၃၀၀ ကီလိုဂရမ်ကျော် တရားမဝင်တင်သွင်းမှု၌ ပါဝင်သည်ဟု သံသယရှိသူများဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ၎င်းတို့အား ဖမ်းဆီးနိုင်ခြင်းကို နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးနှိမ်နင်းမှုဆိုင်ရာ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုတွင် အဓိကကျသော တိုးတက်မှုအဖြစ် ဝန်ကြီးဌာနက ချီးကျူးဖော်ပြခဲ့သည်။
၂၀၂၀ ပြည့်နှစ်မှစ၍ နယ်စပ်ဖြတ်ကျော် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်မှုများဖြင့် မူးယစ်ဆေးဝါးမှုခင်း ကျူးလွန်ကြောင်း သံသယရှိသူ ၄၂၀ ကျော်ကို ပြန်လည်လွှဲပြောင်းခဲ့ပြီးဖြစ်ကြောင်း၊ ဝန်ကြီးဌာနက တရားခံပြေးများအနေဖြင့် ၎င်းတို့ကိုယ်တိုင်ပြန်လည်ဝင်ရောက်လာကြရန် တိုက်တွန်းထားသလို နယ်စပ်ဖြတ်ကျော်ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်ဆောင်ရွက်ရန်လည်း ကတိပြုထားကြောင်း သိရသည်။ (Xinhua)
…………………………
(English Version)

3 suspected drug traffickers repatriated to China from Myanmar

BEIJING, June 26 (Xinhua) — Three fugitives suspected of involvement in drug trafficking have been apprehended in Myanmar and returned to China, China’s Ministry of Public Security said on Wednesday.
The three individuals, all Chinese nationals, were the first of China’s 10 most wanted drug crime fugitives to be captured since Chinese police issued the list in December last year, the ministry said in a press release.
They had long resided in northern Myanmar and were allegedly involved in the smuggling of more than 300 kilograms of narcotics into China, the statement said. The ministry has hailed their capture as major progress in cross-border law enforcement cooperation targetting drug crime.
Since 2020, cross-border law enforcement operations have repatriated more than 420 people suspected of drug crime involvement, the ministry said, urging fugitives to turn themselves in and pledging to step up cross-border cooperation.