Connect with us

Asia

လာအိုနိုင်ငံတွင် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး အမျိုးသားမဟာဗျူဟာချမှတ်

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ရှိ လမ်းမတစ်နေရာတွင် ဖြတ်သန်းသွားလာနေသူများကို ၂၀၂၄ ခုနှစ် မေ ၁ ရက် တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း ၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)
ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး အမျိုးသားမဟာဗျူဟာတစ်ရပ်ကို လာအိုနိုင်ငံ သဘာဝအရင်းအမြစ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဌာနက ချမှတ်ခဲ့ကြောင်း သိရသည်။
ယင်းမဟာဗျူဟာကို ၂၀၃၀ ပြည့်နှစ်အထိ ရည်ရွယ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ယင်းမဟာဗျူဟာအား နိုင်ငံသားများသို့ အသိပေးခြင်းကို မြို့တော်ဗီယင်ကျန်း၌ ဇွန် ၂၆ ရက်က ပြုလုပ်ခဲ့ကြောင်း လာအို အမျိုးသားရေဒီယို အသံလွှင့်ဌာနကပြောကြားသည်။ နိုင်ငံအတွင်း ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေးကို လာအိုအစိုးရက ကြပ်မတ်ဆောင်ရွက်နေကြောင်း လာအိုနိုင်ငံ သဘာဝအရင်း အမြစ်နှင့်ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး Phouvong Luangxaysana က ပြောကြားသည်။ ယင်းဝန်ကြီးဌာနသည် နိုင်ငံအတွင်း ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးအတွက် စည်းမျဉ်းများ ချမှတ်ဆောင်ရွက်နေသည်။ လာအိုနိုင်ငံသည် ၂၀၅၀ ပြည့်နှစ်အရောက်တွင် ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှုကို သုညအဆင့်အထိ လျှော့ချရေးဆောင်ရွက်နေသည်။ (Xinhua)

………………………….
(English Version)
Laos launches strategy aiming to address climate change
VIENTIANE, June 27 (Xinhua) — Laos’ Ministry of Natural Resources and Environment has launched a national strategy on climate change towards 2030 and a booklet about climate change, aiming to build climate change resilience.
A ceremony to publicize the strategy and the booklet took place in capital Vientiane on Wednesday, Lao National Radio reported on Thursday.
Speaking at the event, Lao Deputy Minister of Natural Resources and Environment Phouvong Luangxaysana said the Lao government places a strong emphasis on efforts to resolve the climate change issue.
The Lao Ministry of Natural Resources and Environment is currently formulating the low greenhouse gas emissions strategy and the decree on carbon credit in Laos.
The government is also working towards the goal of reducing the emission and absorption of greenhouse gas to zero by the year 2050. ■
People cross the street in Vientiane, Laos, May 1, 2024. (Photo by Kaikeo Saiyasane/Xinhua)