Connect with us

China

တရုတ်နိုင်ငံ၏ အာကာသယာဉ်က လကမ္ဘာတစ်ဖက်စွန်းမှ နမူနာများဖြင့် လမျက်နှာပြင်မှ ပျံတက်လာ

တရုတ်နိုင်ငံ Chang'e-6 အာကာသယာဉ်၏ လပေါ်သွားယာဉ်က လကမ္ဘာတစ်ဖက်စွန်းမှ နမူနာပစ္စည်းများ သယ်ဆောင်လျက် လမျက်နှာပြင်ပေါ်မှ တက်သွားသည့်မြင်ကွင်းကို ပေကျင်း အာကာသထိန်းချုပ်ရေးစင်တာ (BACC) ရှိ ဗီဒီယိုအန်နီမေးရှင်းမှ ရိုက်ကူးထားသောဓာတ်ပုံအား ၂၀၂၄ ခုနှစ် ဇွန် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ Chang’e-6 အာကာသယာဉ်၏ လပေါ်သွားယာဉ်သည် လကမ္ဘာတစ်ဖက်စွန်းမှ နမူနာပစ္စည်းများ သယ်ဆောင်လျက် ဇွန် ၄ ရက် နံနက်ပိုင်းတွင် လမျက်နှာပြင်ပေါ်မှ ပျံတက်သွားခဲ့ရာ ယင်းမှာ လူသားများက လကမ္ဘာစူးစမ်းလေ့လာရေးသမိုင်းကြောင်း၌ မကြုံစဖူးသော စွမ်းဆောင်မှုဖြစ်ကြောင်း သိရသည်။

အဆိုပါ လပေါ်သွားယာဉ်သည် လကမ္ဘာ၏ သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း ဝင်ရောက်သွားခဲ့ကြောင်း တရုတ်နိုင်ငံ အမျိုးသားအာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) က ပြောကြားခဲ့သည်။ ထိုယာဉ်သည် လကမ္ဘာတစ်ဖက်စွန်းမှ ပေကျင်းစံတော်ချိန် နံနက် ၇:၃၈ နာရီက ထွက်ခွာသွားခဲ့ကြောင်း၊ ၃,၀၀၀-နယူတန်အင်ဂျင်က အချိန်ခြောက်မိနစ်ခန့်အလုပ်လုပ်ပြီးနောက် လပေါ်သွားယာဉ်ကို လကမ္ဘာ၏ သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းကြောင်းသို့ တွန်းတင်ပေးခဲ့ကြောင်း CNSA က ဆိုသည်။ (Xinhua)

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ပေကျင်း အာကာသထိန်းချုပ်ရေးစင်တာ (BACC) တွင် နည်းပညာရှင်များ လုပ်ငန်းဆောင်ရွက်နေသည်ကို ၂၀၂၄ ခုနှစ် ဇွန် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
China’s spacecraft takes off from moon with first samples from lunar far side
BEIJING, June 4 (Xinhua) — The ascender of China’s Chang’e-6 probe lifted off from lunar surface on Tuesday morning, carrying samples collected from the moon’s far side, an unprecedented feat in human lunar exploration history.
The ascender has entered a preset orbit around the moon, said the China National Space Administration (CNSA). The ascender took off at 7:38 a.m. (Beijing Time) from the moon’s far side. A 3,000-newton engine, after working for about six minutes, pushed the ascender to the preset lunar orbit, according to the CNSA.
Photo 1: This image taken from video animation at Beijing Aerospace Control Center (BACC) on June 4, 2024 shows the ascender of China’s Chang’e-6 probe, carrying samples collected from the moon’s far side, lifting off from lunar surface. (Xinhua/Jin Liwang)
Photo 2: Technical personnel work at the Beijing Aerospace Control Center (BACC) in Beijing, capital of China, June 4, 2024. (Xinhua/Jin Liwang)