Connect with us

Europe

မက်ဆီအတွက် ကိုပါအမေရိကဖိုင်နယ်ပွဲက နောက်ဆုံးအခွင့်အရေးဖြစ်ဖွယ်ရှိဟုဆို

၂၀၂၂ ခုနှစ် ဖီဖာကမ္ဘာ့ဖလား ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ကမ္ဘာ့ဖလားဆုကို အနမ်းပေးနေသည့် အာဂျင်တီးနားအသင်းမှ လီယွန်နယ်မက်ဆီကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးဂျာစီ၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

အာဂျင်တီးနားအသင်း ခေါင်းဆောင် လီယွန်နယ်မက်ဆီက ဇူလိုင် ၁၄ ရက်တွင် ကစားမည့် ကိုပါအမေရိက (Copa America) ဖိုင်နယ်ပွဲက ၎င်း၏နိုင်ငံအတွက် နောက်ထပ်ဆုဖလားကြီးကို ယူဆောင်ပေးနိုင်မည့် နောက်ဆုံးအခွင့်အရေးဖြစ်နိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

အာဂျင်တီးနားအသင်းသည် ဇူလိုင် ၉ ရက်တွင် ကျင်းပသော ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ကနေဒါအသင်းအား ၂ ဂိုးပြတ်ဖြင့် အနိုင်ရရှိကာ ဖိုင်နယ်ပွဲသို့ တက်ရောက်နိုင်ခဲ့သည်။ (Xinhua)

……………………………………..
(English Version)
Messi: Copa America final might be his last chance
NEW JERSEY, July 10 (Xinhua) — Argentina captain Lionel Messi admitted that the Copa America final on Sunday might be his last chance to win another major trophy for his country.
The Albiceleste advanced into the continental tournament’s title decider by overcoming Canada 2-0 in their semifinal on Tuesday.
Photo: Lionel Messi of Argentina kisses the World Cup Trophy during the awarding ceremony of the 2022 FIFA World Cup at Lusail Stadium in Lusail, Qatar on Dec. 18, 2022. (Xinhua/Cao Can)