Connect with us

China

တရုတ်-ယူအေအီး လေတပ် ပူးတွဲလေ့ကျင့်မှု ရှင်းကျန်းတွင် စတင်

ဝူးလူမုချီ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံတို့၏ လေတပ် ပူးတွဲလေ့ကျင့်မှု “Falcon Shield-2024” ဖွင့်ပွဲအခမ်းအနားကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဇူလိုင် ၁၀ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ တရုတ်နိုင်ငံရှိ ယူအေအီ ဒုတိယစစ်သံမှုး အပါအဝင် နှစ်နိုင်ငံမှ အရာရှိများနှင့် စစ်သားများ တက်ရောက်ခဲ့ကြသည်။ ဖွင့်ပွဲအခမ်းအနားပြီးနောက် တက်ရောက်လာသော တပ်ဖွဲ့ဝင်များက စီစဉ်ထားသည့်အတိုင်း စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြသည်။ အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဇူလိုင်လကုန်ပိုင်းအထိ ဆက်လက်ပြုလုပ်မည်ဖြစ်သည်။
ယခုလေ့ကျင့်မှုသည် တရုတ်နိုင်ငံနှင့် ယူအေအီးနိုင်ငံကြား ဒုတိယအကြိမ် “Falcon Shield” လေတပ်ပူးတွဲလေ့ကျင့်မှုလည်း ဖြစ်သည်။ နှစ်နိုင်ငံလေတပ်များကြား အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှု တိုးမြှင့်ရေး၊ ကူးလူးဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရေး၊ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းများကြား မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုအဆင့် မြှင့်တင်ရေးအတွက် ရည်ရွယ်ကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/U6m
……………………………………..
(English Version)
China-UAE joint air force training exercise opens in Xinjiang
URUMQI, July 11 (Xinhua) — The opening ceremony for the “Falcon Shield-2024” joint air force training exercise between China and the United Arab Emirates (UAE) took place Wednesday in northwest China’s Xinjiang Uygur Autonomous Region.
The event was attended by participating officers and soldiers from both countries, including the UAE’s deputy military attaché in China. Following the ceremony, the participating troops proceeded with the training as scheduled. The joint training is set to continue until late July.
This marks the second “Falcon Shield” joint air force training exercise between China and the UAE. It aims to enhance mutual understanding and trust, deepen exchanges and cooperation between the two air forces, and elevate the strategic coordination level between the two militaries.