Connect with us

China

တရုတ်နိုင်ငံက ပြည်ပကုမ္ပဏီများကို ဆွဲဆောင်နိုင်ရေးကြိုးပမ်းဆောင်ရွက်မှုများ တံခါးဖွင့်လှစ်ရန် တိုးမြှင့်ဆောင်ရွက်

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ် စိန်ရန်မြို့တွင် BMW နှင့် Shenyang ကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရေး လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ၂၀၂၄ ခုနှစ် ဧပြီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရန် ကြိုးပမ်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကာ ကမ္ဘာလုံးဆိုင်ရာ ကုမ္ပဏီများကို ကျယ်ပြန့်သောဈေးကွက် ဖွင့်လှစ်နိုင်ရေး ကတိကဝတ်ကို ထင်ရှားစွာ ဖော်ပြလျက်ရှိကြောင်း သိရသည်။
ယခုနှစ် နှစ်ဆန်းပိုင်းမှစ၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ရန် ရည်ရွယ်၍ မူဝါဒများစွာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

တရုတ်နိုင်ငံတွင် ယခုနှစ် ပထမငါးလအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ကျဆင်းခဲ့သော်ငြားလည်း အဆိုပါကာလအတွင်း အသစ်ထူထောင်လိုက်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအရေအတွက်မှာ ယမန်နှစ် အလားတူကာလထက် နှစ်ဆ ဆက်လက်မြင်တွေ့ခဲ့ရကြောင်း သိရသည်။
တရုတ်နိုင်ငံအနေဖြင့် အဆင့်မြင့်ကုန်ထုတ်လုပ်မှု၊ ခေတ်မီဝန်ဆောင်မှုများ၊ အဆင့်မြင့်နည်းပညာ၊ စွမ်းအင်ထိန်းသိမ်းမှုနှင့် ပတ်ဝန်ကျင်ကာကွယ်ထိန်းသိမ်းမှု စသည်တို့အား ပံ့ပိုးပေးရန် ရည်ရွယ်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို တွန်းအားပေးသည့် စက်မှုလုပ်ငန်းစာရင်းများကို စတင်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

……………………….
(English Version)
China ramps up opening up efforts to attract foreign firms
BEIJING, July 11 (Xinhua) — China has recently ramped up efforts to attract foreign investment, underscoring its commitment to opening up its vast market to global companies.
Since the beginning of this year, an array of policies aimed at attracting foreign investment have been implemented.
Despite a drop in FDI in China in the first five months of this year, the country continued to see double-digit year-on-year growth in the number of newly established foreign-invested firms during the period.
China has started revising the industry catalog of sectors encouraging foreign investment, with intended support for advanced manufacturing, modern services, advanced technology, energy conservation and environmental protection.
Photo 1: This photo taken on April 26, 2024 shows a scene at the signing ceremony for deepening strategic cooperation between BMW and Shenyang, in Shenyang, northeast China’s Liaoning Province. (Xinhua/Pan Yulong)