Connect with us

China

တရုတ်နိုင်ငံ၏ AG600 ကုန်းရေနှစ်သွယ်သွားလေယာဉ်ကြီး မြင့်မားသောအပူချိန်၊ စိုထိုင်းဆမြင့်မားသောအခြေအနေတွင် စမ်းသပ်ပျံသန်း

တရုတ်နိုင်ငံ၏ AG600 ကုန်းရေနှစ်သွယ်သွားလေယာဉ်ကြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်က စမ်းသပ်ပျံသန်းနေစဉ် (ဓာတ်ပုံ- Aviation Industry Corporation of China/Handout via Xinhua)

ပေကျင်း၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတွင် ထုတ်လုပ်ထားသော ကုန်းရေနှစ်သွယ်သွားလေယာဉ်ကြီး AG600 သည် မြင့်မားသောအပူချိန်၊ စိုထိုင်းဆမြင့်မားသော အခြေအနေတွင် စမ်းသပ်ပျံသန်းမှုကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ မြို့ပြလေကြောင်းလုပ်ငန်းကော်ပိုရေးရှင်း (AVIC) က ဇူလိုင် ၁၈ ရက်၌ ပြောကြားခဲ့သည်။

AG600 လေယာဉ်သည် အဆိုပါ စမ်းသပ်ပျံသန်းမှုကို တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှီးပြည်နယ်၊ နန်ချန်းမြို့ရှိ လေဆိပ်တွင် ဇူလိုင် ၁၆ ရက်က အချိန် နှစ်နာရီခွဲခန့်ကြာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ စမ်းသပ်ပျံသန်းနေစဉ် လေယာဉ်၏ စနစ်များအားလုံး ကောင်းမွန်စွာလည်ပတ်ခဲ့ကြောင်း နိုင်ငံ၏ ဦးဆောင်လေယာဉ်ထုတ်လုပ်ရေး ဖြစ်သော AVIC က ဆိုသည်။

စမ်းသပ်ပျံသန်းမှုမလုပ်ဆောင်မီ အဆိုပါ လေယာဉ်ကို အပူချိန် ၃၅ ဒီဂရီဆဲလ်စီးယပ်စ်ကျော် ပျမ်းမျှအပူချိန်၊ ပျမ်းမျှစိုထိုင်းဆ ၄၄ ရာခိုင်နှုန်းကျော်ရှိသောနေရာတွင် အချိန်ငါးနာရီကြာ နေရောင်အောက်၌ထားရှိခဲ့သည်။
မြင့်မားသောအပူချိန်နှင့် စိုထိုင်းမှုမြင့်မားသောအခြေအနေ ပျံသန်းမှုက လေယာဉ်၏ အရည်ဖိအားဆိုင်ရာလည်ပတ်မှုစနစ်ကို စမ်းသပ်စစ်ဆေးခြင်းဖြစ်သလို AG600 အသိအမှတ်ပြုလက်မှတ် ရရှိရေး၏ အဓိကလုပ်ငန်းစဉ်လည်းဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
China’s AG600 amphibious aircraft completes high temperature, high humidity flight test
BEIJING, July 18 (Xinhua) — China’s independently-developed AG600 large amphibious aircraft has successfully completed the high temperature and high humidity flight test, according to the Aviation Industry Corporation of China (AVIC) on Thursday.
The AG600 carried out this test, which lasted around 2.5 hours, on Tuesday at an airport in Nanchang, east China’s Jiangxi Province. All of its systems performed well during the session, said the AVIC, the country’s leading aircraft manufacturer.
Prior to the flight test, the aircraft was exposed to the sun for five hours at an environment with an average temperature of more than 35 degrees Celsius and an average humidity of more than 44 percent.
The high temperature and high humidity flight tests the aircraft’s hydraulic system, and is a major part of the AG600’s certification process.
Photo: This aerial photo taken on Dec. 27, 2023 shows China’s AG600 large amphibious aircraft in a flight test. (Aviation Industry Corporation of China/Handout via Xinhua)