Connect with us

China

သမ္မတ ရှီကျင့်ဖိန် SCO ထိပ်သီးအစည်းအဝေး တက်ရောက်ရန်နှင့် ကာဇက်စတန်၊ တာဂျစ်ကစ္စတန်သို့ နိုင်ငံတော်ခရီးစဉ်သွားရောက်ရန် ထွက်ခွာ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၂၃ ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) နိုင်ငံခေါင်းဆောင်များကောင်စီအစည်းအဝေးကို မြို့တော် ပေကျင်းမှ ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ၂၀၂၃ ခုနှစ် ဇူလိုင် ၄ ရက်က တက်ရောက်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အက်စ်တာနာမြို့တွင် ကျင်းပမည့် ၂၄ ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) နိုင်ငံခေါင်းဆောင်များကောင်စီအစည်းအဝေး တက်ရောက်ရန်နှင့် ကာဇက်စတန်နိုင်ငံ သမ္မတ Kassym-Jomart Tokayev ၊ တာဂျစ်ကစ္စတန်နိုင်ငံ သမ္မတ Emomali Rahmon တို့၏ ဖိတ်ကြားချက်အရ ယင်းနိုင်ငံများသို့ နိုင်ငံတော်ခရီးစဉ်များအဖြစ် သွားရောက်ရန် ပေကျင်းမြို့မှ ဇူလိုင် ၂ ရက် နံနက်ပိုင်းက ထွက်ခွာသွားခဲ့သည်။
သမ္မတ ရှီနှင့်အတူ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းအဖွဲ့ဝင်နှင့် CPC ဗဟိုကော်မတီ အထွေထွေရေးရာရုံး အကြီးအကဲ ချိုက်ချီ၊ CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့လည်း လိုက်ပါသွားခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
Xi leaves for SCO summit, state visits to Kazakhstan, Tajikistan
BEIJING, July 2 (Xinhua) — Chinese President Xi Jinping left Beijing on Tuesday morning for the 24th Meeting of the Council of Heads of State of the Shanghai Cooperation Organization (SCO) in Astana, and state visits to Kazakhstan and Tajikistan at the invitation of President Kassym-Jomart Tokayev of the Republic of Kazakhstan and President Emomali Rahmon of the Republic of Tajikistan.
Xi’s entourage includes Cai Qi, a member of the Standing Committee of the Political Bureau of the Communist Party of China (CPC) Central Committee and director of the General Office of the CPC Central Committee, and Wang Yi, a member of the Political Bureau of the CPC Central Committee and foreign minister.
Photo: Chinese President Xi Jinping addresses the 23rd meeting of the Council of Heads of State of the Shanghai Cooperation Organization (SCO) via video conference from Beijing, capital of China, July 4, 2023. (Xinhua/Li Xueren)