Connect with us

Asia

တောင်ကိုရီးယားနိုင်ငံတွင် ယာဉ်မတော်တဆမှုဖြစ်ပွား၊ လူ ၆ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ယာဉ်မတော်တဆမှုဖြစ်ပွားသောနေရာကို ၂၀၂၄ ခုနှစ် ဇူလိုင် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားနိုင်ငံတွင် ယာဉ်မတော်တဆမှုဖြစ်ပွားခြင်းကြောင့် လူ ၆ ဦး သေဆုံးပြီး အခြားသူ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Yonhap သတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။
အဆိုပါ ယာဉ်မတော်တဆမှုသည် ဆိုးလ်မြို့တော်ခန်းမ လမ်းဆုံအနီးတွင် ဇူလိုင် ၁ ရက် ဒေသစံတော်ချိန် ည ၉: ၃၀ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အသက် ၇၀ ကျော်အရွယ် ယာဉ်မောင်းက မီးပွိုင့်စောင့်ဆိုင်းနေသော လမ်းသွားလမ်းလာများကို တိုက်မိခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးအရေအတွက် မြင့်တက်နိုင်ဖွယ်ရှိကြောင်း ရဲအရာရှိ၏ ပြောကြားချက်အား ကိုးကား၍ သတင်း၌ဖော်ပြထားသည်။ (Xinhua)


……………………………………..
(English Version)
6 dead, 8 injured in S. Korea’s traffic accident
SEOUL, July 1 (Xinhua) — Six people had been confirmed dead and eight others injured in a traffic incident in South Korea, Yonhap news agency reported Monday.
A major vehicle accident took place at about 9:30 p.m. local time (1230 GMT) near an intersection of the Seoul City Hall. A police official was quoted as saying that a driver in his 70s appeared to have hit pedestrians waiting for a traffic signal, adding that the number of casualties may rise.
Photo 1 – 5: This photo taken on July 1, 2024 shows the site of a traffic accident in Seoul, South Korea. (Xinhua/Yao Qilin)