Connect with us

Asia

ဖိလစ်ပိုင်၌ သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူတိုးလာ

ဖိလစ်ပိုင်နိုင်ငံ Laguna ပြည်နယ်ရှိ Dr. Jose P. Rizal Memorial Province District ဆေးရုံသွေးလွန်တုပ်ကွေး လူနာဆောင်တွင် သွေးလွန်တုပ်ကွေးလူနာ မိန်းကလေးတစ်ဦးကို ၂၀၁၉ ခုနှစ် ဩဂုတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ၌ ဇန်နဝါရီမှစတင်၍ သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၂၀၅ ဦးအထိ တိုးလာခဲ့ပြီး ယခုနှစ် မိုးရာသီ ဇွန် ၁ ရက်မှ ၁၅ ရက်အထိ ရောဂါကူးစက်မှုနှုန်းမြင့်တက်လာကြောင်း ကျန်းမာရေးဌာနက ဇူလိုင် ၁ ရက်တွင် ပြောကြားသည်။
ခြင်ကြောင့်ဖြစ်သော ရောဂါဖြစ်ပွားမှု အရေအတွက် အနည်းငယ်တိုးလာကြောင်း ကျန်းမာရေးဌာနက အစီရင်ခံတင်ပြခဲ့ပြီး ဇန်နဝါရီ ၁ ရက်မှ ဇွန် ၁၅ ရက်အထိ တစ်နိုင်ငံလုံးတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ စုစုပေါင်း ၇၇,၈၆၇ ဦးရှိသဖြင့် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၅ ရာခိုင်နှုန်းတိုးလာကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီး တီယိုဒိုရိုဟာဘိုဆာက ခြင်ပေါက်ပွားသည့်နေရာများကို ရှာဖွေဖျက်ဆီးရန် ဒေသန္တရအစိုးရများကို တိုက်တွန်းလိုက်သည်။ သွေးလွန်တုပ်ကွေးရောဂါ အပါအဝင် ရေမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများသည် များသောအားဖြင့် ရာသီဥတုအကူးအပြောင်း၊ ရေကြီးခြင်းနှင့် မသန့်ရှင်းသောရေများ စုပုံနေခြင်းများကြောင့် မိုးရာသီအစတွင် အမြင့်ဆုံးဖြစ်ပွားလေ့ရှိသည်။ (Xinhua)
………………………
(English Version)
Philippines warns of rise of dengue cases
MANILA, July 1 (Xinhua) — The Philippines has tallied 205 deaths due to dengue from Jan. 1 to June 15 this year, as cases started to rise amid the wet season, the country’s Department of Health (DOH) said Monday.
The DOH has sounded the alarm, reporting “a slight increase” in the number of cases of the mosquito-borne disease. From Jan. 1 to June 15, a total of 77,867 dengue cases have been recorded across the country, marking a 15 percent surge compared to the same period last year.
Health Secretary Teodoro Herbosa has issued a call to action, emphasizing that it is not too late to make a difference. He also urged local governments to take the lead in the crucial task of searching and destroying mosquito breeding grounds.Water-borne infectious diseases, including dengue, usually peak at the start of the rainy season due to fluctuating weather conditions, flooding and accumulation of contaminated water.

A dengue-stricken girl learns how to write as she rests inside a dengue ward of the Dr. Jose P. Rizal Memorial Province District Hospital in Laguna Province, the Philippines, Aug. 15, 2019. (Xinhua/Rouelle Umali)