Connect with us

Asia

ဗီယက်နမ်နိုင်ငံက ယခုနှစ် ပထမခြောက်လအတွင်း ပြည်ပသို့ ဆန်စပါး တန်ချိန် ၄ ဒသမ ၆၈ သန်း တင်ပို့ခဲ့

ဗီယက်နမ်နိုင်ငံ Hau Giang ပြည်နယ်၊ Vi Thuy ခရိုင်ရှိ စပါးစိုက်ခင်းတွင် ရိတ်သိမ်းနေသည့် လယ်သမားများကို ၂၀၂၂ ခုနှစ် မတ် ၂၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- VNA/Handout via Xinhua)

ဟနွိုင်း၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမခြောက်လအတွင်း ပြည်ပသို့ ဆန်စပါး တန်ချိန် ၄ ဒသမ ၆၈ သန်းတင်ပို့ခဲ့ပြီး ဆန်စပါးတင်ပို့ရောင်းချခြင်းမှ ဝင်ငွေ ကန်ဒေါ်လာ ၂ ဒသမ ၉၈ ဘီလီယံ ရရှိခဲ့ကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ဇူလိုင် ၁ ရက် မှတ်တမ်းအရ သိရသည်။
ယင်းဆန်စပါးတင်ပို့မှုသည် ယမန်နှစ်အလားတူ ကာလကထက် ပမာဏအားဖြင့် ၁၀ ဒသမ ၄ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၃၂ ရာခိုင်နှုန်း အသီးသီးမြင့်တက်လာခဲ့သည်။

ဆန်စပါးသည် နိုင်ငံ၏ စိုက်ပျိုးရေး ဆိုင်ရာထုတ်ကုန်များအနက်မှ ကုန်သွယ်ရေးပိုငွေရရှိခဲ့သည့် ထုတ်ကုန်ဖြစ်ပြီး အခြားစိုက်ပျိုးရေးထုတ်ကုန်များမှာ သစ်သား၊ ကော်ဖီနှင့် ဟင်းသီးဟင်းရွက်တို့ဖြစ်သည်။
ယခုနှစ် ပထမခြောက်လအတွင်း ကမ္ဘောဒီးယားနှင့် အိန္ဒိယတို့ကဲ့သို့သော နိုင်ငံများမှ ဆန်စပါးတင်သွင်းခြင်းအတွက် ကန်ဒေါ်လာ သန်း ၆၇၀ ကျခံသုံးစွဲခဲ့သည်။
ယင်းပြည်ပနိုင်ငံများမှ တင်သွင်းသည့် ဆန်စပါးကို တိရစ္ဆာန်အစာအဖြစ်အသုံးပြုသည်။ ယခုနှစ်တွင် ဆန်စပါးတန်ချိန် ရှစ်သန်းကျော်ကို ပြည်ပသို့ တင်ပို့ရန် ရည်မှန်းချက်ထားရှိ ဆောင်ရွက်နေကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ပြောကြားသည်။ (Xinhua)
………………………………….
(English Version)
Vietnam earns nearly 3 bln USD from rice export in first half of year
HANOI, July 1 (Xinhua) — Vietnam exported 4.68 million tons of rice in the first six months of this year, earning 2.98 billion U.S. dollars, Vietnam News Agency reported Monday, citing the Ministry of Agriculture and Rural Development.
The figures reported a volume increase of 10.4 percent and a value surge of 32 percent over the same period last year.
Rice was among five agricultural products that enjoyed high trade surplus in the first half of this year, besides timber, coffee, fruits-vegetables and shrimp, said the ministry.
Vietnam spent about 670 million dollars in the first six months on importing rice from other countries, primary from Cambodia and India.
According to experts and businesses, Vietnam’s rice production can meet local consumption demand and ensure food security. The import of some rice products mainly aims at animal feed processing.
Vietnam has targeted exporting over 8 million tons of rice in 2024, said the ministry. ■
Farmers harvest rice crop on the paddy field in Vi Thuy district, Mekong Delta’s Hau Giang province, Vietnam, March 25, 2022. (VNA/Handout via Xinhua)