Connect with us

Asia

ကမ္ဘောဒီးယား၌ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ဧရာဝတီလင်းပိုင် ၁၀၅ ကောင်ခန့်အထိရှိလာ

ကမ္ဘောဒီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ခရေးတီးပြည်နယ် မဲခေါင်မြစ်အတွင်း ဧရာဝတီလင်းပိုင်များကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ မဲခေါင်မြစ်အတွင်း မျိုးသုဉ်းပျောက်ကွယ်လုနီးပါး အန္တရာယ်ရှိသည့် ဧရာဝတီလင်းပိုင် ၁၀၅ ကောင်ခန့်အထိ ရှိလာကြောင်း စိုက်ပျိုးရေး၊သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီး ဒစ်သ်တီနာက ဇူလိုင် ၁ ရက်တွင် ပြောကြားသည်။
ကမ္ဘောဒီးယားနိုင်ငံ အရှေ့တောင်ပိုင်း ပရေးခေါရ်ခရိုင်တွင် ကျင်းပသည့် (၁၉) နှစ်မြောက်အမျိုးသားငါးနေ့ အခမ်းအနား၌ ဝန်ကြီးတီနာက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုနှစ် ပထမခြောက်လအတွင်း မွေးကင်းစ မဲခေါင် ဧရာဝတီလင်းပိုင် ရှစ်ကောင်ကို တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ပြီး နှစ်ကောင်သာ သေဆုံးခဲ့ကြောင်း ၎င်းက ပြောသည်။
ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့နှင့် ကမ္ဘောဒီးယား ငါးလုပ်ငန်းဦးစီးဌာနမှ ကောက်ယူသော လင်းပိုင်ကောင်ရေ စာရင်းအရ ၂၀၂၀ ပြည့်နှစ်က ခန့်မှန်းခြေအားဖြင့် ၈၉ ကောင်ရှိရာ ယခုအချိန်တွင် ဧရာဝတီလင်းပိုင်ကောင်ရေ ၇၈ ကောင်မှ ၁၀၅ ကောင်အထိရှိမည်ဟု ခန့်မှန်းထားသည်။
မဲခေါင် ဧရာဝတီလင်းပိုင်များသည် ၂၀၀၄ ခုနှစ်မှစတင်၍ အပြည်ပြည်ဆိုင်ရာ သဘာဝ ထိန်းသိမ်းရေးအဖွဲ့၏ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ခြိမ်းခြောက်ခံနေရသော မျိုးစိတ်များအဖြစ် အနီရောင်အဆင့် သတ်မှတ်ခံထားရသည်။

အဆိုပါ မျိုးစိတ်များသည် အရှေ့မြောက်ပိုင်း စတွန်ထရန်း နှင့် ခရေးတီးပြည်နယ်များ အကြားမဲခေါင်မြစ်ကြောင်း တစ်လျှောက် ကီလိုမီတာ ၁၈၀ အတွင်း ကျက်စားလျက်ရှိသည်။ (Xinhua)
……………………………
(English Version)
Population of critically endangered freshwater dolphins in Cambodia rises to 105
KAMPONG CHAM, Cambodia, July 1 (Xinhua) — The population of the critically endangered Irrawaddy dolphins in the Mekong River in Cambodia has increased to about 105, Dith Tina, minister of agriculture, forestry and fisheries, said on Monday.
Tina disclosed the figure during the celebration of the 19th National Fish Day here in Prey Chhor district in southeastern Cambodia.
“For the first six months of 2024, eight newborn Mekong Irrawaddy dolphin calves were recorded, with only two deaths,” he said. “This is exciting news.”
According to a census conducted by the World Wide Fund for Nature and the Fisheries Administration of Cambodia, the species’ population was estimated at 89 individuals in 2020, with a 95-percent confidence interval of 78-102.
The Mekong Irrawaddy dolphins have been listed as critically endangered on the International Union for Conservation of Nature Red List of Threatened Species since 2004.
The species live along a 180-km main channel of the Mekong River in northeastern Stung Treng and Kratie provinces. ■

Photo released on Oct. 23, 2020 shows Irrawaddy dolphins swimming in the Mekong River in Kratie province, northeast Cambodia. (WWF-Cambodia/Handout via Xinhua)