Connect with us

China

မူဝါဒပံ့ပိုးမှုက တရုတ်နိုင်ငံ၏ အပျော်စီးသင်္ဘောစီးပွားရေး ပြန်လည်ကောင်းမွန်လာမှုကို အားဖြည့်ပေး

ပေကျင်း၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)
နိုင်ငံတကာခရီးသွားဧည့်သည်များအတွက် ဗီဇာကင်းလွတ်ခွင့်မူဝါဒနှင့် ကမ္ဘာလုံးဆိုင်ရာ အပျော်စီးသင်္ဘောဈေးကွက် တစ်ကျော့ပြန်ရှင်သန်လာမှုများကြောင့် တရုတ်နိုင်ငံ၏ အပျော်စီးသင်္ဘောစီးပွားရေးသည် တည်ငြိမ်စွာ ကောင်းမွန်လာခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း ရှန်ဟိုင်းမြို့ရှိ အပျော်စီးသင်္ဘောဆိပ်ကမ်းများက နိုင်ငံတကာ ပင်လယ်ကူးသင်္ဘောခရီးစဉ် ၉၀ ကျော် ကိုင်တွယ်ဆောင်ရွက်နိုင်ခဲ့ပြီး အဝင်အထွက်ခရီးစဉ် ၁၈၀ ကျော် ရှိခဲ့ကာ ယင်းဆိပ်ကမ်းများမှတစ်ဆင့် ဖြတ်သန်းသွားလာသော ခရီးသည်ဦးရေ ၈၄၀,၀၀၀ ကျော် ရှိခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံတွင် ပထမဆုံး ပြည်တွင်းဖြစ် အပျော်စီးသင်္ဘောကြီးဖြစ်သော Adora Magic City သည် ယခုနှစ်ဆန်းပိုင်းက ပွဲဦးထွက် စီးပွားဖြစ်ရေကြောင်းခရီးစဉ်စတင်ချိန်မှစ၍ ဇွန်လအစောပိုင်းအထိ ခရီးသွားဧည့်သည် ၁၅၀,၀၀၀ ကျော် လက်ခံကြိုဆိုခဲ့ကြောင်း အဆိုပါ သင်္ဘောကြီးအား လည်ပတ်ပြေးဆွဲသူများက ပြောခဲ့သည်။

အပျော်စီးသင်္ဘောစီးပွားရေးသည် ပြည်တွင်းဈေးကွက်တောင်းဆိုမှု တိုးချဲ့ခြင်း၊ အသုံးပြုမှုအလားအလာ ပွင့်လင်းလာခြင်းနှင့် စီးပွားရေးမောင်းနှင်အားအသစ်များ ပျိုးထောင်ခြင်း စသည်တို့၌ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း ဈေးကွက်လေ့လာသူများက ဆိုသည်။
အွန်လိုင်းခရီးသွားဝန်ဆောင်မှုပံ့ပိုးပေးသော Ctrip မှ အချက်အလက်များအရ ဇူလိုင်လအတွင်း အပျော်စီးသင်္ဘောခရီးစဉ် ကြိုတင်မှာယူမှုများသည် ၂၀၁၉ ခုနှစ် အလားတူကာလကရှိခဲ့သော အဆင့်၏ ၇၀ ရာခိုင်နှုန်းအထိ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/VoL

……………………………………..
(English Version)
Policy support fuels recovery of China’s cruise economy
BEIJING, July 22 (Xinhua) — China’s cruise economy is witnessing a steady recovery, bolstered by the visa-free policy for international tourists and the resurgence of the global cruise market.
In the first half of 2024, cruise ports in Shanghai handled over 90 international cruise voyages, recording more than 180 entries and exits, with over 840,000 passengers traveling through these ports.
China’s first domestically built large cruise ship, Adora Magic City, has welcomed over 150,000 tourists as of early June since its maiden commercial voyage at the beginning of the year, according to its operators.
Market analysts said the cruise economy plays a crucial role in expanding domestic demand, unlocking consumption potential and cultivating new economic drivers.
Data from the online travel service provider Ctrip showed that bookings for cruise trips in July have recovered to 70 percent of the level seen in the same period in 2019.