Connect with us

China

တရုတ်နိုင်ငံခြားရေးဝန်ကြီးက တရုတ်-ယူကရိန်းဆက်ဆံရေး တည်ငြိမ်ကောင်းမွန်စွာ တိုးတက်ရေးအတွက် တိုက်တွန်းပြောကြား

ကွေ့ကျိုး၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba နှင့် ဇူလိုင် ၂၄ ရက်တွင် ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်ကောင်းမွန်စွာ တိုးတက်မှုရှိစေရေးအတွက် တိုက်တွန်းခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့သည် ချစ်ကြည်ရင်းနှီးသော နိုင်ငံများဖြစ်ကြကြောင်း၊ နှစ်နိုင်ငံ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဆက်ဆံရေး ထူထောင်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော်ရှိပြီဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်း ဖြစ်သူ ဝမ်က ပြောခဲ့သည်။
ထို့ပြင် နှစ်နိုင်ငံတို့သည် အချင်းချင်း အပြန်အလှန်လေးစားလျက် သာတူညီမျှရှိစွာ ပြုမူဆက်ဆံခဲ့ကြပြီး အပြန်အလှန် အကျိုးဖြစ်ထွန်းမှုရှိသော ပူးပေါင်းဆောင်ရွက်မှုကို ပို၍အဆင့်မြှင့်တင်လျက်ရှိကြောင်း ဝမ်က ဆိုသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/VtI

……………………………………..
(English Version)
Chinese FM calls for healthy, steady development of China-Ukraine ties
GUANGZHOU, July 24 (Xinhua) — Chinese Foreign Minister Wang Yi held talks with Ukrainian Foreign Minister Dmytro Kuleba here Wednesday, urging healthy and steady development of bilateral ties.
China and Ukraine are friendly countries, with their strategic partnership established more than a decade ago, said Wang, also a member of the Political Bureau of the Communist Party of China Central Committee.
The two countries have treated each other with mutual respect and equality, and steadily advanced mutually beneficial cooperation, he said.