Connect with us

Asia

သီရိလင်္ကာနိုင်ငံ၏ ငွေကြေးဖောင်းပွမှု ဇွန်လတွင် ၂ ဒသမ ၄ ရာခိုင်နှုန်းအထိ မြင့်တက်

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ Pettah ဈေးတွင် ဟင်းသီးဟင်းရွက်ဝယ်နေသူများကို ၂၀၂၄ ခုနှစ် ဇူလိုင် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုလံဘို၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)
အမျိုးသား စားသုံးသူဈေးနှုန်း အညွှန်းကိန်းအရ သီရိလင်္ကာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် မေလတွင် ၁ ဒသမ ၆ ရာခိုင်နှုန်းရှိရာမှ ဇွန်လတွင် ၂ ဒသမ ၄ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း သန်းခေါင်စာရင်းနှင့် စာရင်းအင်းဦးစီးဌာနက ဇူလိုင် ၂၂ ရက်၌ ပြောကြားလိုက်သည်။
အစားအသောက် အမျိုးအစားထဲတွင် ငွေကြေးဖောင်းပွမှုသည် မေလတွင် ၀ ဒသမ ၅ ရာခိုင်နှုန်းမှ ဇွန်လတွင် ၁ ဒသမ ၉ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း အဆိုပါဌာနက ဆက်လက်ပြောကြားခဲ့သည်။
အစားအသောက် မဟုတ်သော ကဏ္ဍများတွင် ငွေကြေးဖောင်းပွမှုနှုန်းသည် ၂ ဒသမ ၄ ရာခိုင်နှုန်းမှ ၂ ဒသမ ၇ ရာခိုင်နှုန်းအထိ တိုးလာခဲ့သည်။
မကြာသေးမီက အာရှဖွံ့ဖြိုး ရေးဘဏ်သည် သီရိလင်္ကာ၏ ၂၀၂၄ ခုနှစ် ငွေကြေးဖောင်းပွမှု ခန့်မှန်းချက်ကို ပြန်လည်ပြင်ဆင်ခဲ့သည်။ (Xinhua)
…………………………..
(English Version)

Sri Lanka’s inflation increases to 2.4 pct in June

COLOMBO, July 22 (Xinhua) — Sri Lanka’s inflation increased to 2.4 percent in June from 1.6 percent reported in May, according to the national consumer price index, the department of census and statistics said on Monday.
The inflation in the food category which was reported at 0.5 percent in May rose to 1.9 percent in June, according to the department.
In the non-food category, inflation rose from 2.4 percent to 2.7 percent.
Recently, the Asian Development Bank revised the inflation forecast in Sri Lanka for 2024 as supply-side conditions improved alongside better external buffers and the availability of foreign currency.
People buy vegetables at the Pettah Market in Colombo, Sri Lanka, July 22, 2024. (Photo by Gayan Sameera/Xinhua)