Connect with us

China

မူးယစ်ဆက်စပ်တရားခံပြေး သုံးဦးကို မြန်မာနိုင်ငံမှ တရုတ်နိုင်ငံထံ လွှဲပြောင်းပေး

ပေကျင်း၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရဲတပ်ဖွဲ့က အလိုရှိနေပြီး မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွင် နှစ်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်နေသော မူးယစ်ဆက်စပ်တရားခံပြေး သုံးဦးကို နှစ်နိုင်ငံကြား တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်နိုင်ငံထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဘက်မှ လွှဲပြောင်းပေးခဲ့သော တရားခံပြေးသုံးဦးကို တရုတ်နိုင်ငံ ရဲတပ်ဖွဲ့က ဇူလိုင် ၂၄ ရက် ညနေပိုင်းတွင် တရုတ်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့ကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနထံမှ သိရသည်။

ယခုအချိန်အထိ မြန်မာနိုင်ငံ မြောက်ပိုင်းရှိ မူးယစ်ဆေးဝါးနှင့်ဆက်စပ်၍ တရုတ်နိုင်ငံက အလိုရှိနေသော အဓိကတရားခံပြေး ၁၀ ဦးအနက် ၆ ဦးကို ဖမ်းဆီးမိခဲ့ပြီးဖြစ်ကြောင်း ဝန်ကြီးဌာန ဖော်ပြချက်အရ သိရသည်။
ပြည်ပ၌ နှစ်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်နေသည့် Zhang Anlong ၊ Ma Wenxiang နှင့် Yang Jinmei အမည်ရှိသော တရားခံပြေးသုံးဦးကို ယခုသီတင်းပတ်အတွင်း ဖမ်းမိခဲ့ခြင်းဖြစ်ကာ ၎င်းတို့အားလုံးသည် တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုကွန်ရက်၏ အဓိကအဖွဲ့ဝင်များဖြစ်သည်။
၎င်းတို့သည် တရုတ်နိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါး မှောင်ခိုကူးခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်း အဓိကပြစ်မှုများစွာ ကျူးလွန်ကြောင်း သံသယရှိသူများဖြစ်ကြောင်း၊ အဆိုပါ မှုခင်းများကို ဟူနန်၊ ဟဲပေ၊ ယူနန်၊ ကွမ်ရှီးနှင့် တရုတ်နိုင်ငံရှိအခြားဒေသများရှိ ရဲတပ်ဖွဲ့များက စုံစမ်းစစ်ဆေးဖော်ထုတ်ခဲ့ခြင်းဖြစ်ကာ ထိုမှုခင်းများတွင် မူးယစ်ဆေး ၂,၀၀၀ ကီလိုဂရမ်ကျော် ပါဝင်ကြောင်း သိရသည်။ (Xinhua)

……………………………………..
(English Version)
Three drug-related fugitives extradited to China from Myanmar
BEIJING, July 25 (Xinhua) — Three drug-related criminal suspects, who had been on the run in north Myanmar for years and were wanted by Chinese police, have been extradited to China as part of the law enforcement collaboration efforts between the two countries.
According to the Ministry of Public Security, Chinese police transported the three fugitives, who were turned over by the Myanmar side, back to China on Wednesday evening.
To date, six of the 10 major drug-related fugitives in northern Myanmar who were wanted by Chinese police have been apprehended, according to the ministry.
The three fugitives extradited this week, namely Zhang Anlong, Ma Wenxiang and Yang Jinmei, who for years had been on the run abroad, were all key members of a transnational drug trafficking network.
They are suspected of engaging in multiple major cases of smuggling and trafficking drugs into China. These cases were investigated by police forces in Hunan, Hubei, Yunnan, Guangxi, and other regions of China, with over 2,000 kilograms of drugs involved in the cases.