Europe
ကမ္ဘာလုံးဆိုင်ရာ အေအိုင်ဒီအက်စ်တိုက်ဖျက်ရေး အရေးကြီးသောအခြေအနေရောက်ရှိနေဟု UNAIDS ပြော
ဘာလင်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)
ကမ္ဘာလုံးဆိုင်ရာ အေအိုင်ဒီအက်စ် (AIDS) တိုက်ဖျက်ရေးက အရေးကြီးသောအခြေအနေတွင် ရောက်ရှိနေကြောင်း အာရှ-ပစိဖိတ်၊ အရှေ့ဥရောပနှင့် အလယ်အာရှဒေသဆိုင်ရာ ဌာနဒါရိုက်တာ အေမွန် မာဖီ (Eamonn Murphy) က ၂၅ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အေအိုင်ဒီအက်စ် ညီလာခံအတွင်း ဆင်ဟွာသတင်းဌာနနှင့် သီးသန့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
“နိုင်ငံအချို့က လမ်းကြောင်းမှန်ပေါ်မှာရှိနေပြီး ပြည်သူ့ကျန်းမာရေးခြိမ်းခြောက်မှုဖြစ်တဲ့ HIV ကို လျှော့ချရေး အောင်မြင်နိုင်ပါတယ်။ ဒါပေမဲ့ အခြားနိုင်ငံတွေမှာတော့ ရောဂါကူးစက်မှုမြင့်မားနေတာတွေ့ရတယ်” ဟု မာဖီက ဆိုသည်။ ရောဂါကုသရေးလွှမ်းခြုံမှုလုပ်ငန်းအနေဖြင့် ပြောရမည်ဆိုပါက မိမိတို့အနေဖြင့် ယနေ့အချိန် ကုသမှုခံယူသူ ၇၇ ရာခိုင်နှုန်းက အောင်မြင်မှုရှိနေပြီဖြစ်ကာ ၂၀၁၀ ပြည့်နှစ်က ၄၇ ရာခိုင်နှုန်းရှိကြောင်း မာဖီက ပြောခဲ့သည်။
ထိုသို့ တိုးတက်မှုများရှိနေသော်ငြားလည်း ရောဂါကူးစက်မှုမြင့်တက်နေသည့် လက်တင်အမေရိက၊ အရှေ့ဥရောပနှင့် အလယ်အာရှ စသည့်ဒေသများတွင် ရောဂါကူးစက်မှုပုံစံများအပေါ် စိုးရိမ်ပူပန်မိကြောင်း မာဖီက ပြောသည်။ ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၂၃ ခုနှစ်ကြား အရှေ့ဥရောပနှင့် အလယ်အာရှဒေသတွင် ဒေသအဆင့် ရောဂါကူးစက်မှုအသစ်များမှာ ၂၀ ရာခိုင်နှုန်း မြင့်တက်လျက်ရှိကာ ၎င်းတို့အနက် ၅၀ ရာခိုင်နှုန်းမှာမူ လိုအပ်သောကုသမှု မရရှိကြသေးပေ။ “ကျွန်တော်တို့အားလုံးကို သတိပေးလိုက်တာပါပဲ။ အရေးကြီးတဲ့အခြေအနေကို ရောက်နေပါပြီ” ဟု ၎င်းက ဆိုသည်။
ထိုသို့ နောက်ပြန်လှည့်မှုများက အေအိုင်ဒီအက်စ်ရောဂါကာကွယ် ကုသရေးဆိုင်ရာ ပြည်တွင်းနှင့် နိုင်ငံတကာသတင်းရင်းမြစ်များ နှစ်ခုလုံးတွင် ကျဆင်းမှုဖြစ်ကြောင်း မာဖီက ပြောခဲ့သည်။ “ဒါက ပြည်တွင်းအရင်းအမြစ်တွေ လျော့နည်းမှုကို ထင်ဟပ်စေတာသာမက အဲဒီဒေသတွေမှာ ရောဂါကာကွယ်ရေးအတွက် နိုင်ငံတကာအရင်းအမြစ်တွေကိုလည်းပဲ အချိန်အကြာကြီးမရရှိနိုင်ပါဘူး” ဟု ၎င်းက ပြောကြားခဲ့ပြီး အစိုးရများအနေဖြင့်လည်း ပြည်သူများ ထိုကဲ့သို့ဝန်ဆောင်မှုများ ရရှိနိုင်ရေး ဥပဒေအရ အတားအဆီးဖြစ်နေသည်များကို ဖယ်ရှား၍ ကူညီပေးရန် မာဖီက တိုက်တွန်းခဲ့သည်။
ထို့ပြင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုကို အလေးထားပြောကြားခဲ့သလို နိုင်ငံများအကြား အတွေ့အကြုံများနှင့် ဗျူဟာများ မျှဝေမှု၏ အရေးပါပုံကိုလည်း မာဖီက ထည့်သွင်းပြောကြားခဲ့သည်။
ရောဂါကာကွယ်ရေးနှင့် ကုသရေးက ဒေသတွင်းအခြေအနေများနှင့်လည်း ကိုက်ညီမှုရှိရန် လိုအပ်ကြောင်းလည်း မာဖီက မီးမောင်းထိုးပြခဲ့သည်။ ယင်းမှာ နိုင်ငံများ၏ လိုအပ်ချက်နှင့် နိုင်ငံများအတွင်း ဒေသများ၏ လိုအပ်ချက်များကြား ကွဲပြားခြားနားမှုများကို သိရှိရန် အရေးကြီးကြောင်း၊ ဗျူဟာများက ထိရောက်မှုနှင့် ဆက်စပ်ဆောင်ရွက်မှုများ သေချာစေရေးအတွက် ဒေသတွင်းအခြေအနေနှင့် လိုက်လျောညီထွေဖြစ်သင့်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးတွင် တရုတ်နိုင်ငံ၏ အောင်မြင်မှုနှင့်ပတ်သက်၍ ပြောကြားရာတွင် မာဖီက “တရုတ်နိုင်ငံက စံနမူနာကောင်းချမှတ်ခဲ့ပါတယ်။ သူ့ရဲ့တက်ကြွစွာ ပါဝင်ဆောင်ရွက်မှုမရှိဘဲနဲ့ ကျွန်တော်တို့အနေနဲ့ အာရှ-ပစိဖိတ်ဒေသ ဒါမှမဟုတ် ကမ္ဘာတစ်ဝန်းမှာတောင်မှ အေအိုင်ဒီအက်စ် ရောဂါတိုက်ဖျက်ရေးမှာ ရည်မှန်းချက်ကို ဘယ်တော့မှရနိုင်မှာမဟုတ်ဘူး” ဟု ပြောခဲ့သည်။
တရုတ်နိုင်ငံက နိုင်ငံတကာ ကူးလူးဆက်ဆံမှုများနှင့် ပူးပေါင်းဆောင်ရွက်ကို မြှင့်တင်လျက်ရှိသလို ၎င်းတို့၏ ကြီးမားကျယ်ပြန့်လှသော ဆေးဝါးထုတ်လုပ်မှုစွမ်းဆောင်ရည်များဖြင့် ကမ္ဘာကြီးကို အဖိုးတန်အတွေ့အကြုံကို မျှဝေပေးလျက်ရှိသည်ဟု မာဖီက မှတ်ချက်ပြုခဲ့သည်။ “တရုတ်နိုင်ငံက ဆေးဝါးထုတ်လုပ်မှုလုပ်ငန်းစဉ် ကောင်းမွန်ဖို့နဲ့ ဆေးဝါးထုတ်လုပ်မှုကုန်ကျစရိတ် သက်သာစေဖို့ ထုတ်လုပ်မှုလုပ်ငန်းတွေကို ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် ARV (antiretroviral drugs) ဆေးဈေးနှုန်းများ ကျဆင်းစေသလို HIV ကုသမှုခံယူနေတဲ့လူနာတွေကိုလည်း ပိုပြီးစရိတ်သက်သာစေပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။
ယခုနှစ် အေအိုင်ဒီအက်စ်ညီလာခံတွင် HIV ကာကွယ်ဆေးသစ်ကို ကြေညာခဲ့ပြီးဖြစ်ကြောင်း၊ ယင်းဆေးမှာ တစ်နှစ်လျှင် နှစ်ကြိမ်သာထိုးနှံရန်လိုကြောင်း၊ ဆေးပညာလက်တွေ့စမ်းသပ်မှုများ၌လည်း အောင်မြင်စွာ အတည်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။ အဆိုပါ အောင်မြင်မှုသည် ကြီးမားအရေးပါသည့် “အပြောင်းအလဲ” ဖြစ်ကြောင်း မာဖီက ပြောခဲ့သည်။ “ဒါက ဆေးသောက်နေရတဲ့သူတွေ ဒါမှမဟုတ် လက်ရှိတခြားကာကွယ်မှု နည်းလမ်းတွေသုံးနေရသူတွေအတွက် ပိုမိုပြီးထိရောက်မှုရှိပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် တစ်နှစ် အမေရိကန်ဒေါ်လာ ၄၀,၀၀၀ ကျော် ကုန်ကျစရိတ်ရှိသော အဆိုပါ ဆေးသည် အမြောက်အမြားထုတ်လုပ်ပြီးပါက ဒေါ်လာ ၄၀ နှင့် ၅၀ ကြားအထိ ဈေးကျလာနိုင်ကြောင်း၊ ကမ္ဘာတစ်ဝန်း ဆေးရရှိမှု များပြားလာနိုင်ကြောင်း သိရသည်။ “ဒီလိုအရေးကြီးတဲ့ဆေးကို အချမ်းသာဆုံးနိုင်ငံတွေမှာ ရရှိစေမှာမဟုတ်ဘဲ HIV ကူးစက်မှုမြင့်မားတဲ့ ဝင်ငွေနည်းနဲ့ ဝင်ငွေအလယ်အလတ်အဆင့်ရှိနိုင်ငံတွေအထိ ရောက်ရှိရေးလုပ်ငန်းစဉ် အရှိန်မြှင့်တင်ရပါမယ်” ဟု မာဖီက နိဂုံးချုပ်ပြောကြားခဲ့သည်။ (Xinhua)
……………………………………..
(English Version)
Interview: Global AIDS fight at crossroads, says UNAIDS official
BERLIN, July 25 (Xinhua) — Eamonn Murphy, UNAIDS regional director for Asia-Pacific, Eastern Europe, and Central Asia, underscored the critical juncture in the global fight against AIDS in an exclusive interview with Xinhua during the 25th International AIDS Conference.
“Some countries are on the right path and could achieve the elimination of HIV as a public health threat, but others are experiencing rising infections,” Murphy said. He highlighted the progress in treatment coverage, noting, “We’ve seen success with 77 percent of people on treatment today, compared to 47 percent in 2010.”
Despite these advances, Murphy expressed concerns over troubling trends in Latin America, Eastern Europe, and Central Asia, where infections are rising. He cited a 20-percent regional increase in new infections in Eastern Europe and Central Asia between 2010 and 2023, with 50 percent of those needing treatment still not receiving it. “We’re alarmed and at a crossroads,” he said.
Murphy attributed these setbacks to a decline in both domestic and international resources for AIDS prevention and treatment. “This is not only reflected in the shrinking of domestic resources; even international resources are no longer available for prevention in many of these areas,” he explained, and called on governments to ensure access to all prevention and treatment services and to help remove legal barriers that prevent people from accessing these services.
Emphasizing the importance of international cooperation, Murphy stressed the significance of sharing experiences and strategies among countries.
Murphy also highlighted the need to tailor prevention and treatment strategies to local conditions. He argues that it is crucial to recognize the differences between countries’ needs and regions’ needs within countries. “Strategies should be flexibly adapted to the local context to ensure the effectiveness and relevance of measures,” he noted.
Speaking of China’s achievements in AIDS prevention and control, he said, “China has set an example, and without its active participation, we will never be able to achieve the targets in the fight against AIDS in the Asia-Pacific region or even globally.”
Murphy noted China’s commitment to promoting international exchanges and cooperation and sharing valuable experience globally with its vast pharmaceutical capabilities. “China can assist manufacturers in optimizing production processes and reducing pharmaceutical costs, thus driving down the price of antiretroviral drugs and making HIV treatment affordable for more patients,” he added.
At this year’s AIDS Conference, a new HIV-prevention drug has been announced, which requires only two injections per year and has proven successful in clinical trials. Murphy described this breakthrough as “a game changer” with great significance. “This will be much more effective than relying on people to take pills or other current protection methods,” he said.
The drug, which currently costs more than 40,000 U.S. dollars a year, would see a major price drop to between 40 and 50 dollars with large-scale production, improving its universal accessibility. “We must accelerate the process to ensure that this important drug reaches low- and middle-income countries where the burden of HIV is highest, and not leave it only in the richest countries,” Murphy concluded.
Photo: A student displays his face and hand painted with messages during an HIV/AIDS awareness campaign on the occasion of World AIDS Day in Chandigarh, India, Dec. 1, 2017. (Xinhua/REUTERS)