Connect with us

Europe

တရုတ်နိုင်ငံက အိုင်အိုစီနှင့် အဆင့်မြင့်ပူးပေါင်းဆောင်ရွက်မှုနက်ရှိုင်းရန် ဆန္ဒရှိ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ်၊ တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့်နှင့် နိုင်ငံတကာအိုလံပစ်ကော်မတီ (IOC) ဥက္ကဋ္ဌ သောမတ်စ်ဘတ်ချ်တို့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ၂၀၂၄ ခုနှစ် ဇူလိုင် ၂၇ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပဲရစ်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာအိုလံပစ်ကော်မတီ (IOC) နှင့် အဆင့်မြင့်ပူးပေါင်းဆောင်ရွက်မှု နက်နက်ရှိုင်းရှိုင်း တိုးချဲ့ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း၊ တရုတ်နိုင်ငံသည် လာမည့်နှစ် ဆောင်းရာသီအာရှအားကစားပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ်လည်းဖြစ်သော ဟန်သည် အိုင်အိုစီ ဥက္ကဋ္ဌ သောမတ်စ်ဘတ်ချ်နှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဟန်သည် သမ္မတ ရှီ၏ နှုတ်ခွန်းဆက်လွှာကို ဘတ်ချ်ထံ ပေးအပ်ခဲ့ပြီး ၂၀၂၄ ခုနှစ် ပဲရစ်အိုလံပစ်အားကစားပွဲ၏ ခမ်းနားလှသော ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်သည့်အတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။
အိုလံပစ်လှုပ်ရှားမှုသည် ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်၊ လူသားမျိုးနွယ် စည်းလုံးညီညွတ်မှုကို မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ပဲရစ်အိုလံပစ်၏ ကြီးမားအရေးပါမှုက လက်ရှိ နိုင်ငံတကာအခြေအနေအောက်တွင် အိုလံပစ်သဘောထားကို ထပ်ဆင့်မြှင့်တင်ရန်လိုအပ်မှုကို ဖော်ပြခဲ့ကြောင်း ဟန်က မှတ်ချက်ပြုခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာအိုလံပစ်လှုပ်ရှားမှု တိုးတက်ရေးကို အစဉ်အမြဲ အခိုင်အမာ ထောက်ခံပံ့ပိုးလျက်ရှိပြီး အိုင်အိုစီနှင့် ကာလရှည် ကောင်းမွန်သောဆက်ဆံရေးကိုလည်း ထိန်းထားလျက်ရှိကြောင်း ဟန်က အလေးထားပြောခဲ့သည်။ (Xinhua)

……………………………………..
(English Version)
China willing to deepen high-level cooperation with IOC: Chinese VP
PARIS, July 28 (Xinhua) — China is willing to deepen and expand high-level cooperation with the International Olympic Committee (IOC), as the country will host the Asian Winter Games next year, Chinese Vice President Han Zheng said here on Saturday.
Han, who is also Chinese President Xi Jinping’s special representative, made the remarks while meeting with IOC President Thomas Bach.
Han conveyed President Xi’s cordial greetings to Bach and congratulated the IOC for the success of the splendid opening ceremony of the Paris 2024 Olympic Games.
The Olympic Movement aims to safeguard world peace and promote the unity of humankind, said Han, noting that the Paris Olympics is of great significance given the need of further promoting the Olympism under current international situation.
He stressed that China has always firmly supported the development of the international Olympic Movement and has maintained a long-term good relationship with the IOC.
Photo: Chinese Vice President Han Zheng, who is also Chinese President Xi Jinping’s special representative, meets with the International Olympic Committee (IOC) President Thomas Bach in Paris, France, July 27, 2024. (Xinhua/Pang Xinglei)