Connect with us

Africa & Middle East

ကင်ညာနိုင်ငံ၏ ရှေးဟောင်းကမ်းရိုးတန်းမြို့ကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ထည့်သွင်းခဲ့

ကင်ညာနိုင်ငံ ကီလီဖီခရိုင်ရှိ ဂီဒီယဉ်ကျေးမှုအမွေအနှစ်များကို ၂၀၂၃ ခုနှစ် ဧပြီ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နိုင်ရိုဘီ၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)
ကင်ညာနိုင်ငံ ကမ်းရိုးတန်းဒေသရှိ သမိုင်းဝင် ဂီဒီမြို့ကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ထည့်သွင်းခဲ့ကြောင်း ကင်ညာအမျိုးသားပြတိုက် (NMK) က ဇူလိုင် ၂၇ ရက်၌ ပြောသည်။
ကင်ညာအမျိုးသားပြတိုက်၏ အဆိုအရ ယင်းသို့ အသိအမှတ်ပြုမှုသည် ကင်ညာနိုင်ငံ၏ ကြွယ်ဝသော အမွေအနှစ်များနှင့် အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် ဂီဒီမြို့၏ သမိုင်းဝင်မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ အရေးပါမှုကို အလေးထားခြင်းဖြစ်ကြောင်း သိရသည်။
ကင်ညာနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် မြှင့်တင်ခြင်း၏ အရေးပါမှုကို မီးမောင်းထိုးပြသည့် ဤကမ္ပည်း မှတ်တမ်းကြောင့် မိမိတို့အနေဖြင့် အလွန်ဂုဏ်ယူမိပါကြောင်း ကင်ညာအမျိုးသားပြတိုက်၏ ညွှန်ကြားရေးမှူးချုပ် မာရီဂစ်ကွန်ဂူက ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တော်တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။
ဂီဒီမြို့အား ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် အသိအမှတ်ပြုခြင်းသည် ၎င်း၏အဆင့်အတန်းကို ကမ္ဘာ့ဇာတ်ခုံတွင် မြှင့်တင်ပေးရုံသာမက အနာဂတ်မျိုးဆက်များအတွက် ကင်ညာနိုင်ငံ၏ ရှေးဟောင်းအရင်းအမြစ်များကို ကာကွယ်စောင့်ရှောက်ရန် ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခြင်းလည်း ဖြစ်ကြောင်း ဂစ်ကွန်ဂူက ထပ်လောင်းပြောကြားခဲ့သည်။
ကမ္ဘာလှည့်ခရီးသည်များနှင့် မနုဿဗေဒပညာရှင် အမြောက်အမြားကို နှစ်စဉ်ဆွဲဆောင်နိုင်သော ရှေးဟောင်းသုတေသနနေရာတစ်ခုဖြစ်သည့် ဂီဒီမြို့သည် အိန္ဒိယသမုဒ္ဒရာ ကမ်းရိုးတန်းတစ်လျှောက်တွင် တည်ရှိပြီး ၁၃ ရာစုမှ ၁၇ ရာစုအတွင်း ထွန်းကားခဲ့သော ဆွာဟီလီယဉ်ကျေးမှုကို ပြသထားကြောင်း သိရသည်။
ဂီဒီမြို့အား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာ တစ်ခုအဖြစ် သတ်မှတ်ခြင်းသည် သမိုင်းဝင်နေရာ ထိန်းသိမ်းရေး ကြိုးပမ်းအားထုတ်မှုများကို ပြန်လည် အသက်ဝင်လာစေမည်ဖြစ်ပြီး ရေရှည်တည်တံ့သော ခရီးသွားလာရေး၊ သုတေသနနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများအတွက် အခွင့်အလမ်းသစ်များပွင့်လာမည်ဟု မျှော်လင့်ကြောင်း ကင်ညာအမျိုးသားပြတိုက်က ပြောကြားခဲ့သည်။
အလားတူ ပိုမိုကောင်းမွန်သော အခြေခံအဆောက်အအုံများ၊ ပညာရေးဆိုင်ရာအစီအစဉ်များနှင့် ရပ်ရွာလူထုထိတွေ့ ဆက်ဆံမှုအစပျိုးမှုများမှ တစ်ဆင့် ယင်းနေရာသို့ လာရောက်လည်ပတ်သူများ၏ အတွေ့အကြုံကို မြှင့်တင်ရန် စုပေါင်းကြိုးပမ်းမှုများလည်း ရှိမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)


………………………..
(English Version)
Kenya’s ancient coastal town added to UNESCO World Heritage List
NAIROBI, July 28 (Xinhua) — The historic town of Gedi in the coastal region of Kenya has been inscribed on the World Heritage List by the United Nations Educational, Scientific and Cultural Organization (UNESCO), the National Museums of Kenya (NMK) said Saturday.
According to the NMK, this recognition underscores the historical and cultural significance of Gedi, cementing its place as a vital part of Kenya’s rich heritage and scenic attraction.
“We are deeply honored by this inscription, which highlights the importance of preserving and promoting our cultural heritage,” said Mary Gikungu, director general of the NMK, in a statement released in the Kenyan capital of Nairobi. “The recognition of Gedi as a World Heritage Site not only elevates its status on the global stage but also reaffirms our commitment to safeguarding our national treasures for future generations.”
An archeological site that attracts hordes of tourists and anthropologists annually, Gedi town, which is now in ruins, showcases Swahili culture that thrived along the Indian Ocean coastline from the 13th to 17th centuries.
The ruins of Gedi include a series of stone houses, a palace, and a mosque sandwiched by a lush indigenous forest. The site reflects the rich and sophisticated architecture of Swahili civilization.
It is expected that this designation will revitalize conservation efforts at the historic site, unlocking new opportunities for sustainable tourism, research, and international cooperation, said the NMK. Likewise, there will be concerted efforts to enhance visitors’ experience at the site through improved infrastructure, educational programs, and community engagement initiatives.

This photo taken on April 15, 2023, shows a view of the ruins of Gedi in Kilifi County, Kenya. (Xinhua/Han Xu)